ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး၊ လွယ်ပတာ စခန်းကုန်းများ တိုက်ခိုက်သိမ်းပိုက်

တိုက်ပွဲသတင်းထုတ်ပြန်ချက်
ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး၊ လွယ်ပတာ စခန်းကုန်းများ တိုက်ခိုက်သိမ်းပိုက်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့
မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးတွင် အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ (ခွဲ) ဗျူဟာ (၁) ၏ ၁၀၀၁ (MB PDF-1)၊ ၁၀၀၂ (PK PDF-1)၊ ၁၀၀၄ (PKS PDF)၊ ၁၀၀၆ (PK PDF-2)၊ ၁၀၀၇ (MB PDF-2)၊ KNDF ဗျူဟာ (၁) ၏ B-03၊ B-11 နှင့် B-22၊ မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂) ၏ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနှင့် ၁၀၀၉ IPDF တပ်ရင်းတို့ ပါဝင်တိုက်ခိုက်လျက်ရှိသည်။
အဆိုပါ တော်လှန်ရေးအင်အားစုများ ပူးပေါင်းစစ်ဆင်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၂၃၊ ၂၄၊ ၂၅) ရက်နေ့များတွင် ကရင်နီ (ကယား) ပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ရန်သူစစ်ကောင်စီတပ်၏ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် ဖယ်ခုံမြို့ အဝင်နှင့်အထွက်နေရာများကို ထိန်းချုပ်ထားပြီး မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိရာ ပြည်သူလူထု လုံခြုံဘေးကင်းစေရေးအတွက် မိမိနေအိမ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်ခြင်းများ မပြုလုပ်သေးရန် မေတ္တာရပ်ခံ အသိပေးထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ