National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

New Year Wish

တနှစ်တာ ကုန်ဆုံးချိန် တော်လှန်နှစ်သစ် ၂၀၂၄ မှာလည်း မိဘပြည်သူများအားလုံး ကိုယ်စိတ်ကျန်းမာ ဘေးကင်းလုံခြုံကြပါစေ။
အာဏာရှင်စနစ် ပျက်သုဥ်းဖို့သာမက ခေတ်စနစ်ကိုပါ ပြောင်းလဲဖို့ တပြိုင်နက် ကြိုးပမ်းရွက်ဆောင်နေကြတဲ့ နွေဦးတော်လှန်ရေးဟာ ပါဝင်နေတဲ့ မျိုးဆက်အစုံစုံရဲ့ တွဲလက်ညီညီ အားထုတ်လုံ့လစိုက်မှုကြောင့် အရှိန်အဟုန်နဲ့ ရှေ့ဆက်နေတာက လက်တွေ့သိမြင်နိုင်တဲ့ ပကတိအရှိတရားပါပဲ။
အောင်ပွဲဟာ လက်တကမ်းမှာမို့ ကိုယ်စီတာဝန်ကျေပွန်အောင် ရွက်ဆောင်ပြီး ညီညွတ်စည်းလုံးစွာ ဆက်လို့ ချီတက်ရင်း အားလုံး မျှော်လင့်တောင့်တနေတဲ့ ရလဒ်တွေကို ခိုင်ခိုင်ကျည်ကျည် အရယူနိုင်တဲ့ နှစ်သစ် ၂၀၂၄ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ