ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် ကာကွယ်ရေးဝန်ကြီး သွားရောက်တွေ့ဆုံ
သတင်းထုတ်ပြန်ချက်
ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် ကာကွယ်ရေးဝန်ကြီး သွားရောက်တွေ့ဆုံ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပြည်သူ့ခုခံတွန်းလှန်စစ်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရသော ပြည်သူ့တော်လှန်ရေးရဲဘော်များနှင့် နွေးထွေးစွာ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ထိခိုက်ဒဏ်ရာရ ရဲဘော်များ အမြန်ဆုံးပြန်လည်သက်သာစေရန် ဆုမွန်ကောင်းတောင်း ပေးခဲ့ပြီး ခွန်အားဖြည့်အစားအစာများ ဖြည့်စွက်ကျွေးမွေးရန် ဆေးရုံတာဝန်ရှိသူများထံသို့ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ