သတင်းထုတ်ပြန်ချက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့

သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့
၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးရည်မွန်နှင့်လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA Magway) မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ ကြပါသည်။
၂။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိ တော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေမှုများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏ အခန်းကဏ္ဍ၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၃။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC) ကို လေးစားလိုက်နာလျက် အမိန့်ပေး ကွပ်ကဲမှုကွင်းဆက် (Chain of Command) တွင်ပါဝင်ရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူညီခဲ့ကြပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ