သတင်းထုတ်ပြန်ချက် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ် များတွင် ဆက်လက်ထောက်ပံ့ပါဝင်ကြပါရန် တိုက်တွန်း
သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ် အဖြစ် (၁၆) ကြိမ် တိတိ ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်း ခန့်ဖြစ်ပါသည်။
၂။ ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်း ထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့် ရှိပါသည်။
၃။ အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်များ၏ (၈၆) ရာခိုင်နှုန်းဖြစ်သည့် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၃.၅) သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) PRF – People’s Revolution Supply Familyအစီအစဥ်၏ ၂၁ လတာ (၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် သြဂုတ်) ကောက်ခံ ရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နှုတ်သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။
၄။ ယခုအချိန်သည် ပြည်သူ့ခုခံတွန်းလှန်စစ်၏ နောက်တစ်ဆင့်ဖြစ်သည့် မဟာဗျူဟာထိုးစစ်ကာလသို့ ရောက်ရှိလာသည်နှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ အရေးပါသည့် နောက်တန်း ထောက်ပို့တပ်ဖြစ်သည့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေ ရှာဖွေရေး အစီအစဥ်များတွင် ဆက်လက်ထောက်ပံ့ပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Press Release
3rd October 2023
1. During the past two years of the People’s Resistance War, the Ministry of Defence of the National Unity Government has provided assistance to various People’s Defence Force (PDF) battalions and columns a total of 16 times, with an approximate sum of USD 15.7 million being allocated for this support.
2. The Ministry has strategically positioned approximately 300 battalions and columns across the country, with the latest 16th support provided to the battalions estimated at around USD 1 million.
3. Notably, a substantial 86 percent of the expenses related to supporting these battalions, amounting to approximately USD 13.5 million, has been covered by funds generated from the People’s Revolutionary Supply Family (PRF) Program over the 21-month period from December 2021 to August 2023.
4. As we move forward into the next phase of the People’s Resistance War, characterized by a strategic offensive period, the Ministry encourages the populace to maintain their steadfast backing for both the People’s Revolutionary Supply Family (PRF) Program and the National Unity Government’s Fundraising Initiatives. These programs serve as vital pillars of rear support for the People’s Defence Force (PDF).
Ministry Of Defence
National Unity Government