ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်ပေးအပ်သည့် ဇွန်လအတွင်း ဌာနအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာထုတ်ယူမှု စာရင်းချုပ်

၂၀၂၃ ခုနှစ်၊ သြဂတ်လ (၂၅) ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ပေးအပ်သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ဌာနအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာထုတ်ယူမှု စာရင်းချုပ်ကို ပြည်သူလူထုသိရှိစေရန် တင်ပြအပ် ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ အမေရိကန် ဒေါ်လာ (၆၇၅၈၈၃.၃၄) တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိခဲ့ပြီး ပေးပို့လှုဒါန်းသူ ပြည်သူများထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ (၁၆၉၄) စောင် ပြန်လည်ပေးအပ်ခဲ့ပါသည်။ ပေးပို့လှုဒါန်းသူ ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အစစ်/အတု စစ်ဆေးရန် တိုက်တွန်းလိုပါသည်။ ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ဆေးရာတွင် ပြုလုပ်ရမည့် နည်းလမ်းများ အဆင့် (၁) အလှုရှင်များအနေဖြင့် မိမိတို့လက်ခံရရှိလာသည့် ဂုဏ်ပြုမှတ်တမ်းလွှာတွင် ပါဝင်သော QR Code ကို Scan ဖတ်ပါ။ အဆင့်(၂) Scan ဖတ်ချိန်တွင် ပေါ်လာသော URL Link verify.modnug.org ဟုတ် မဟုတ် စစ်ဆေးပါ။ အဆင့် (၃) ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းအစစ်ဖြစ်ပါက ပေးပို့လှုဒါန်းသည့် အလှုရှင်နာမည်၊ အဖွဲ့အစည်းအမည်၊ ငွေကြေးပမာဏ၊ ဂုဏ်ပြုမှတ်တမ်းနံပါတ်၊ ထုတ်ဝေသည့်ရက်စွဲများ ပေါ်လာမည် ဖြစ်ပြီး အထက်ပါအချက်အလက်များ ကိုက်ညီစွာ ပေါ်လာမှသာလျှင် ဂုဏ်ပြုမှတ်တမ်းလွှာအစစ် ဖြစ်ပါသည်။ အဆင့်(၄) QR Code (သို့) ဂုဏ်ပြုမှတ်တမ်း သည် အတုပြုလုပ်ထားခြင်း (သို့) ဆင်တူယိုးမှားပြုလုပ်ထားခြင်း ဖြစ်ပါက မှတ်တမ်းတင်ထားခြင်းမရှိပါဟု ပေါ်လာမည် ဖြစ်ပါသည်။ ယခုကဲ့သို့ အဆင့်(၄)ဆင့်ဖြင့် အလှုရှင်များကိုယ်တိုင် ဂုဏ်ပြုမှတ်တမ်းလွှာ အတု/အစစ်ကို ခွဲခြားစစ်ဆေးနိုင်မည် ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အတုအယောင်ပြုလုပ်ခြင်း၊ ပုံမှားပုံဖျက်ပြုလုပ်ခြင်းများကိုလည်း စောင့်ကြည့်လေ့လာနေပြီး လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ။