ယာယီသမ္မတကြီး၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းကောက်နုတ်ချက်

ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေဆိုတာ နိုင်ငံရေး စားပွဲဝိုင်းကို ပို့ရမှာ မဟုတ်ပါဘူး၊ သူတို့ကို ပို့ရမယ့်နေရာက ပြည်တွင်း၊ပြည်ပ ရာဇဝတ်ခုံရုံးများပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံဖြစ်နေပေမယ့် စစ်အုပ်စုရဲ့အကြမ်းဖက်မှုများ ကို စက်ဆုပ်တဲ့သူတွေ၊ စစ်တပ်ဟာ နိုင်ငံနဲ့ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့မှတစ်ပါး နိုင်ငံရေးမှာ ဝင်ပတ်သက်စရာမလိုဘူးလို့ နားလည်ခံယူတဲ့ တပ်မှုး၊ တပ်သားများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အစဥ်ရင်ဖွင့်ကြိုဆိုနေမှာ ဖြစ်ပါတယ်။
 
ယာယီသမ္မတ ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ