National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

ပြည်ထောင်စုနေ့နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ

ပြည်ထောင်စုနေ့နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ
(၁) ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ပင်လုံညီလာခံက ပထမပင်လုံညီလာခံပါလား။
ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ပင်လုံညီလာခံက ဒုတိယညီလာခံဖြစ်ပါတယ်။ ပထမပင်လုံညီလာခံကို (၁၉၄၆) ခုနှစ်၊ မတ်လ (၂၀) မှ (၂၈) ရက်နေ့အထိ လဲချားနယ်၊ ပင်လုံမြို့မှာ ကျင်းပခဲ့ပါတယ်။ (၁၉၄၆) ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ကျင်းပတဲ့ ရှမ်းပြည်စော်ဘွားများကောင်စီ အစည်းအဝေးကနေ ရှမ်းပြည်လက်မှုပြပွဲ ခေါင်းစဉ်နဲ့ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပီး၊ ရှမ်းပြည်လူထုခေါင်းဆောင်များ၊ ကချင်တောင်တန်းခေါင်းဆောင်များ၊ ရှမ်းတောင်တန်းခေါင်းဆောင်များ၊ ကရင်နီခေါင်းဆောင်များနဲ့ ဗမာပြည်မခေါင်းဆောင်များကို ဖိတ်ကြားခဲ့ပါတယ်။ ဒီပင်လုံပွဲကို ပထမပင်လုံညီလာခံကို ခေါ်တွင်ခဲ့ကြပါတယ်။ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ပင်လုံညီလာခံကတော့ ဒုတိယပင်လုံညီလာခံဖြစ်ပါတယ်။
(ရည်ညွှန်းကိုးကား။ ။ ပင်လုံလက်စွဲ (၂၀၁၈)၊ ပင်လုံစာချုပ်ရှင်းတမ်း၊ ပင်လုံကတိက၀တ်များ (၂၀၁၅))
-(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုနေ့ ကျင်းပရေးကော်မတီက ဖြန့်ဝေသည်။