PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်နှင့်ပတ်သတ်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများ ရှင်းလင်းတင်ပြခြင်း
PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်နှင့်ပတ်သတ်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများ ရှင်းလင်းတင်ပြခြင်း
(၁) PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်နှင့်ပတ်သတ်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများကို ထောက်ပို့တပ်သားများနှင့်ပြည်သူလူထုသိရှိစေရန် ရှင်းလင်းတင်ပြအပ်ပါသည်။
(၂) PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့အထိ (၁၅)လတာကာလအတွင်း အမေရိကန်ဒေါ်လာ (၉.၄၂) သန်းလက်ခံရရှိအသုံးပြုခဲ့ပြီး ဖြစ်ပါသည်။
(၃) ရရှိလာသော ပြည်သူ့ထောက်ပို့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းများထောက်ပံ့စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၇.၈)သန်း အသုံးပြုခဲ့ပြီး PRF အစီအစဥ်၏ ထောက်ခံမှုဖြင့် အမေရိကန်ဒေါ်လာ (၁.၆) သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒေသကာကွယ်ရေး အဖွဲ့(LDF)များနှင့်စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများ ထံသို့ တိုက်ရိုက်ပေးပို့ခဲ့ပါသည်။
(၄) PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၏ တပ်ရင်းထောက်ပံ့စားရိတ်အတွက် ၇၄.၈၆ ရာခိုင်နှုန်းအထိ ထောက်ပံ့ပို့ဆောင်ပေးနိုင်ခဲ့ ပါသည်။
(၅) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ်တခုဖြစ်သည့် PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ် စတင်ခဲ့သည့်အချိန်မှ ယနေ့ထက်တိုင် လစဥ်မပြတ် ထည့်ဝင်ပေးခဲ့သော ထောက်ပို့မိသားစုဝင်များ၊ နိုင်ငံအလိုက် Fundraiser များနှင့် OFP အဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုကြောင်း ဖော်ပြရင်း ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများကို ရှင်းလင်းတင်ပြအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ