ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦး နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ယောကာကွယ်ရေးတပ်(YDF) တို့က ပူးပေါင်းစောင့်ရှောက်ထားရှိသည်။
ယခုကဲ့သို့ ပြည်သူ့ရင်ခွင်ဝင်ရောက်မှုသည် အင်အား အများအပြားဖြင့် ဝင်ရောက်သည့် အခြေအနေဖြစ်ပြီး အကြမ်းဖက် စစ်တပ်အတွင်း စိတ်ဓာတ်ပြိုလဲမှု၊ ပြည်သူ့ဘက်သို့ ကူးပြောင်းလိုသည့် အရာရှိ၊ စစ်သည် အမြောက်အများ စစ်တပ်တွင်းရှိနေမှုတို့ကို ညွှန်ပြလျက်ရှိသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ