National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

တိုက်ပွဲသတင်း အကျဉ်းချုပ်အား တင်ပြခြင်း

တောင်ပိုင်းစစ်ဒေသ

တိုက်ပွဲသတင်း အကျဉ်းချုပ်အား တင်ပြခြင်း
တောင်ပိုင်းစစ်ဒေသ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ
————————-
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် စခန်းသိမ်းတိုက်ပွဲ ၃ ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း (၆၆)ကြိမ်၊ စကစသတင်းပေးဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု (၄)ကြိမ်၊ ရန်သူ့စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၂၄)ကြိမ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့သည်။
စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား (၁၄၇)ဦး သေဆုံး၍ (၉၆)ဦး ဒဏ်ရာရကာ သုံ့ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးရမိခဲ့သူ (၈) ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိသည်။ ထိုတိုက်ပွဲများအတွင်း ရန်သူထံမှ ရိက္ခာကားတစီး၊ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းအမြောက်အများ၊ ဆန်အိတ် (၄၀၀)ကျော်၊ RPG-7 ကျည် အလုံး ၁၀၀၊ ၆၀မမ ကျည် ၅၂လုံး၊ လက်ပစ်ဗုံးများနှင့် ဆွဲမိုင်းများကို သိမ်းဆည်းရရှိခဲ့ပြီး၊ မိမိတို့ဘက်ကလည်း ပျက်စီးဆုံးရှုံးမှုအနည်းငယ် ရှိခဲ့ပါသည်။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များဘက်မှ ရဲဘော် (၁၇) ဦး တိုင်းပြည်အတွက် ရဲဝံ့စွာအသက်ပေးလှူသွားပြီး၊ စုစုပေါင်း (၄၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဗုံးသီးများ ကျဲချခြင်း၊ လက်နက်ကြီးဖြင့် နေ့စဥ်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် စက်တင်ဘာလအတွင်း အပြစ်မဲ့ပြည်သူ (၁၂)ဦး သေဆုံးပြီး (၄၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂၉၃) ဦးမှာ မတရားဖမ်းဆီးခံခဲ့ရသည်။
၎င်းတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)နှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း၍ စစ်ဆင်ရေးများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီအား အဘက်ဘက်မှ ထိုးနှက်နေပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း တန်ပြန်တိုက်စစ်အနေဖြင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်လှပ်ထားသောကြောင့် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးဦးရေမှာ အထက်ပါအချက်အလက်ထက် များပြားနိုင်ပါသည်။
 
ပြန်ကြားရေး
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
အရေးတော်ပုံအောင်ရမည်။