PDF တပ်ရင်းများထံသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိ
၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ကျက် ပို့ဆောင်ထားပါသည်။
ပို့ဆောင်ထားသည့် Droneများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ Drone လက်ရုံးတပ်သားများနှင့်ရန်သူ့တပ်ကို စိတ်ဓာတ်ရေးရာအရ ခြိမ်းခြောက် တိုက်ပွဲဝင်နေသည့် PDF Drone များကို ပြည်သူလူထုကြီးသိရှိစေရန် တင်ပြအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။