✈️ 🟥 လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း
🟥 လေကြောင်းတိုက်ခိုက်မှုခံရချိန် လုပ်ဆောင်ရန်
လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားပါ။ အနီးဆုံးအကာအကွယ်ကိုရှာပါ။ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားပါ။ မိမိနေအိမ်အတွင်းတွင်ရှိနေပါက ကြိုတင်ပြင်ဆင် ထားသည့် အခန်းတွင်း ဝင်နေပါ။ ကြိုတင်ပြင်ဆင်ထားသည့် အခန်းမရှိပါက ခိုင်ခံ့သည့်စားပွဲပေါ်တွင် စောင်များ၊ မွေ့ယာများ၊ စာအုပ်များ ဖုံးအုပ်၍ အောက်တွင် ဝင်နေပါ။ အကာအကွယ်မရှိသည့်နေရာ (ကွင်းပြင်)တွင် ရှိပါက မြေနိမ့်သောနေရာကို ရှာဖွေ၍ ဝပ်နေပါ။ ဦးခေါင်းကို မထိခိုက်စေရန် လက်ဖဝါး(သို့) အင်္ကျီဖြင့်အုပ်ပါ၊ ပေါက်ကွဲမှု အသံ နှင့် တုန်ခါမှုကြောင့် နားစည်ကို ထိခိုက်နိုင်သဖြင့် နားကိုလုံအောင်ပိတ်ပါ၊ ရင်ဘက်နှင့်မြေကြီး ထိစပ်နေပါက တုန်ခါမှုကြောင့် အဆုတ်နှင့် နှလုံးထိခိုက်နိုင်သဖြင့် တံတောင်ကို မြေတွင်ထောက်ပြီး မှောက်နေပါ။ မြေကြီးနှင့်ထိစပ်ပြီး ဝမ်းလျားမမှောက်ရ၊ လွင့်စင်လာသော အစများ မျက်လုံးထဲ မဝင်စေရန် မျက်စိကို မှတ်ထားပါ၊ ပေါက်ကွဲမှု၏ ပြင်းအားနှင့် လေဖိအားကြောင့် အဆုတ်ကို ထိခိုက်မှု နည်းစေရန် ပါးစပ်ကို အနည်းငယ် ဟ ထားပါ။
(၁) စိတ်ငြိမ်ငြိမ်ထားပါ။
(၂) အနီးဆုံး အကာအကွယ်ရှာ၍ အနိမ့်ဆုံးနေရာတွင်နေပါ။
(၃) အကာအကွယ်မရှိပါက မြေအနိမ့်ဆုံးနေရာကို ရှာ၍ ဝပ်နေပါ။
(၄) ဦးခေါင်းကို လက်ဖဝါးနှင့်အုပ်၊ နားကိုလက်ဖျံဖြင့်ပိတ်၊ တံတောင်ကို မြေတွင်ထောက်ပြီး မှောက်နေပါ။
(၅) ပါးစပ်ကို အနည်းငယ် ဟ ၍ မျက်စိမှိတ်ထားပါ။
–
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ