လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း

ကြိုတင်ပြင်ဆင်ရန်အချက်များ

(၁) မိမိတို့ အရပ်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုကာကွယ်ရန် အစီအမံများ ပြင်ဆင်ထားခြင်း၊

(၂) မိမိတို့ နေအိမ်နှင့် မိသားစုအတွင်း ကာကွယ်ရေးအစီအမံများ ပြင်ဆင်ထားခြင်း၊

(၃) လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ပြီးဆုံးချိန်တွင် ကယ်ဆယ်ရေး၊ ဆေးကုသရေး နှင့် အခြေခံ အဟာရလိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတို့ အတွက် အစီအမံများ ပြုလုပ်ထားခြင်း။

(၁) မိမိတို့ အရပ်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုကာကွယ်ရန် အစီအမံများ ပြင်ဆင်ထားခြင်း

(က) လေကြောင်းရန်သတိပေး ကင်းအဖွဲ့များ စီစဥ်ခြင်း

(ခ) ရပ်ရွာလုထုအတွက် ခိုလှုံရန်နေရာများ ကြိုတင်စီစဥ်ခြင်း

(ဂ) ရပ်ရွာအတွင်း ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားခြင်း

(၂) မိမိတို့ နေအိမ်နှင့် မိသားစုအတွင်း ကာကွယ်ရေးအစီအမံများ ပြင်ဆင်ထားခြင်း

(က) နေအိမ်အတွင်း ပုန်းခိုရန်နေရာ ကြိုတင်သတ်မှတ်ထားခြင်:

(ခ) ကွဲရှနိုင်သောပစ္စည်းများကို အကာအကွယ်များ ပြုလုပ်ခြင်း

(ဂ) အရေးပေါ်လိုအပ်သော ရိက္ခာခြောက်၊ ဆေးဝါး၊ အရေးပေါ်အသုံးအဆောင် စသည်များ ကြိုတင်ပြင်ဆင်ထားခြင်း

(၃) လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ပြီးဆုံးချိန်တွင် ရပ်ရွာအတွင်း ကယ်ဆယ်ရေး၊ ဆေးကုသရေး နှင့် အခြေခံအဟာရလိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတို့ အတွက် အစီအမံများ ပြုလုပ်ထားခြင်း

(က) ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ရန်ပြင်ဆင်ခြင်း

(ခ) အရေးပေါ်ဆေးကုသရေးလုပ်ငန်းများ ပြုလုပ်ရန် ပြင်ဆင်ခြင်း

(ဂ) စားနပ်ရိက္ခာ ကြိုတင်ပြင်ဆင်ခြင်း

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ