စစ်ဆင်ရေးအခြေအနေ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

“စစ်ဆင်ရေးအခြေအနေ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်”
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နှင့် (၉) ရက်နေ့များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ် များက မကွေးတိုင်းအတွင်းရှိ စစ်ရေးဆိုင်ရာပစ်မှတ် (၁၉) ခုကို မဟာဗျူဟာကျဟန်ချက်ညီညီ တိုက်ခိုက် ခဲ့သည်။ထို့အပြင် တနိုင်ငံလုံးတွင်လည်း မဟာဗျုဟာကျ ဟန်ချက်ညီညီ စစ်ရေးဆိုင်ရာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျန်ရှိသော စစ်ရေးဆိုင်ရာလှုပ်ရှားမှု သတင်းအချက်အလက်များကိုလည်း ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။
မကွေးတိုင်းအတွင်း တိုက်ခိုက်ခဲ့သော စစ်ရေးပစ်မှတ်များ
သရက်မြို့နယ်တွင်
(၁) အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ
(၂) ရေမျက်နီရဲစခန်း
မကွေးမြို့နယ်တွင်
(၁) မကွေးလေတပ်စခန်းဌာနချုပ်
စလင်းမြို့နယ်တွင်
(၁) တပ်မ (၁၀၁) လက်အောက်ခံ ခလရ (၂၅၃) ၊ (၂၅၄) (၂၅၅)
(၂) ကံပြားရဲစခန်း
ဆိပ်ဖြူမြို့နယ်တွင်
(၁) လေကြောင်းရန် ကာကွယ်ရေးတပ်မ (၉)
(၂) အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးရှိ ရန်သူ့ကင်းပုန်းစခန်း
(၃) အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ
ပေါက်မြို့နယ်တွင်
(၁) ကိုင်းလယ်ရဲစခန်း
ပခုက္ကူမြို့နယ်တွင်
(၁) စီးကောင်းရွာ ရန်သူ့အထိုင်စခန်း
ရေစကြိုမြို့နယ်တွင်
(၁) ဇီးတောရွာအခြေစိုက် ပျုစောထီးစခန်း
ဆောမြို့နယ်တွင်
(၁) အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ
(၂) လောင်းရှည်ရဲစခန်းကုန်း
(၃) ညောင်နီချောင်း ရဲစခန်းကုန်း
(၄) ယွန်းချောင်း
(၅) စက်တော်ရကုန်း
(၆) မီးသတ်ကုန်း
ထီးလင်းမြို့နယ်တွင်
(၁) ရန်သူ့တပ်များတပ်စွဲထားသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး
ဂန့်ဂေါမြို့နယ်တွင်
(၁) မင်းရွာရဲစခန်း
တိုက်ပွဲများအတွင်း ရန်သူ့တပ်သား (၃၁) ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ ကာကွယ်ရေးရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ရန်သူ့တပ်၏ ပင်မအဆောက်အဦးများနှင့်ဘားတိုက် များ ပျက်စီးခဲ့သည်။ ရန်သူ့တပ်ထံမှ ကား၊ လက်နက်ငယ်များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်။
တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်တပ်ရင်းများ၊ မကွေးခရိုင်တပ်ရင်းများ၊ မင်းဘူးခရိုင်တပ်ရင်းများ၊ ပခုက္ကူခရိုင်တပ်ရင်းများ၊ ဂန့်ဂေါခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင်တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေနံချောင်း)၊ (မင်းဘူး)၊ (ပွင့်ဖြူ)၊ (ထီးလင်း)၊ ဆိပ်ဖြူ မြို့နယ် (ဘာမထီအဖွဲ့)နှင့် ဒေသကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုနှင့်မဟာဗျုဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ