ကာကွယ်ရေးဝန်ကြီးဌာနက IHL သင်တန်းများ စီစဉ်ကျင်းပလျက်ရှိ

သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်
ကာကွယ်ရေးဝန်ကြီးဌာနက IHL သင်တန်းများ စီစဉ်ကျင်းပလျက်ရှိ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ (International Humanitarian Law) သင်တန်းများကို စီစဉ်ကျင်းပလျက်ရှိပါသည်။
အဆိုပါသင်တန်းများအား စစ်တိုင်းနှင့် စစ်ဒေသအသီးသီးတွင် တိုက်ပွဲဝင်နေကြသော ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force) တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ (People’s Defence Organization) အဖွဲ့ဝင်များ အတွက် ပို့ချပေးခဲ့ခြင်း ဖြစ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင်ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေ များအနေနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန် စံညွှန်း များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန်အလို့ငှာ ဤသင်တန်းများကို စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေသင်တန်းများကို မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအတွက် ၂၀၂၃ ခုနှစ်အတွင်းတွင်သော် လည်းကောင်း၊ ၂၀၂၃ ခုနှစ်အလွန်တွင်သော်လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Press Release
February 28, 2023
MoD Organizes IHL Trainings for Its Defence Forces
Since September 2022, the Ministry of Defence (MoD) of the National Unity Government has organized a number of trainings on International Humanitarial Law (IHL) in cooperation with Principles of Humanity.
The IHL trainings have been provided to members of People’s Defence Force (PDF) and People’s Defence Organizations (PDO) under the MoD in different military divisions and regions.
This is another bold step the MoD has taken to ensure combatants under its command and control follow international norms and standards while engaging in an armed conflict.
MoD will continue to organize further IHL trainings for its defence forces across Myanmar in 2023 and beyond.
Ministry of Defence
National Unity Government