အမှတ် (၂) စစ်ဒေသခွဲ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး အစီအမံဖြင့်ဆောင်ရွက်သော ကျိ၃်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး

ရက် စွဲ။ ။ ၂ ၀ ၂ ၃ ခုနှစ် ၊ ဒီဇင်ဘာ၂၇ ရက်
“အသိပေးကြေညာချက်”
အမှတ် (၂) စစ်ဒေသခွဲ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး အစီအမံဖြင့်ဆောင်ရွက်သော
ကျိ၃်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး
———————————————————————————————————–
တောင်ပိုင်းစစ်ဒေသ JOC ၏ ညွန်ကြားမူဖြင့် အမှတ်(၂) စစ်ဒေသခွဲတွင် စစ်ဆင်ရေး များကို စနစ်တကျ ဖော်ဆောင်တိုက်ပွဲဝင်လျှက်ရှိပါသည်။ ၂၆/၁၂/၂၀၂၃ ရက်နေ့ မနက် ၀၅:၀၀ နာရီတွင် ကျိ၃်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး(နတ်သံကွင်း)ကို စတင်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာ၊ ကျောက်ကြီး မြို့နယ်ရှိ လပတ်ရွာ နှင့် နတ်သံကွင်းမြို့တို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် စခန်းများကို KNLA၊ PDF၊ ABSDF၊ BPLA ပူးပေါင်းမဟာမိတ်တပ်များက တပြိုင်နက်တိုက်ခိုက်ခဲ့ပါသည်။
နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာ၊ လပတ်ကျေးရွာ စကစ စခန်းများနှင့် နတ်သံကွင်းမြို့ရှိ စကစကင်းစခန်းများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ ခမရ(၃၀၇)၊ ခမရ(၃၅၁)၊ ခလရ(၆၀) တပ်ရင်းများကိုလည်း မိမိတို့ပူးပေါင်းအဖွဲ့များမှ လက်နက်ကြီးများဖြင့် တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ လက်ရှိအခြေနေတွင် ပူးပေါင်းတပ်ဖွဲ့များမှ နတ်သံကွင်းမြို့အား ထိန်းချုပ်ထားသည်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မူ အကြိမ်ကြိမ် ပြုလုပ်ခဲ့ သော်လည်း မိမိတို့စစ်ရေး ရည်မှန်းချက်အတိုင်း အကောင်ထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
နတ်သံကွင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် (၂၀)ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ရန်သူ အလောင်းများနှင့်အတူ လက်နက်ကြီး လက်နက်ငယ် (၁၉)လက်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။ မိမိတို့ ပူးပေါင်းတပ်ဖွဲ့မှ လည်း ထိခိုက်ကျဆုံးမူ တချို့ ရှိခဲ့သည်။
ဒီဇင်ဘာ(၂၇)ရက်နံနက်(၀၆:၀၀)အချိန်တွင်လည်း ပဲနွယ်ကုန်းမြို့မှ နတ်သံကွင်းမြို့ ဘက်သို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ခန့်ကို သဲကောကျေးရွာ အနီးတွင် မိမိတို့ ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည်။ ထိတွေ့မူ အတွင်း ရန်သူဘက်မှ တပ်ဖွဲ့ဝင် (၂၀) ခန့် ထပ်မံသေဆုံးခဲ့သည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မူကြောင့် သဲကောကျေးရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး အရပ်သားပြည်သူ (၁)ဦးသေဆုံးခဲ့သည်။ ထို့အပြင် နတ်သံကွင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မူကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ အနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် စစ်ကောင်စီယန္တရား လည်ပတ်စေရန် ဆောင်ရွက်နေသူများအားလုံး ပြည်သူ့ဘက်သို့ ရပ်တည် ပူးပေါင်းကြရန် တိုက်တွန်းသည်။ ပြည်သူများအနေဖြင့် မိမိတို့၏ ဘေးအန္တရာယ် ကင်းဝေးစေရန် အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြပါရန် လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။
အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံး
တောင်ပိုင်းစစ်ဒေသ