၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကြိုဆိုကြောင်းနှင့်ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်
“၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကြိုဆိုကြောင်းနှင့်ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်”
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့
မြန်မာပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ် ချေမှုန်းရန် စစ်ဆင်ရေးကြီးတရပ် စတင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)က အချက်(၅)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့်ရက္ခိုင် (ULA/AA) တို့ ပူးတွဲ၍ “၁၀၂၇ စစ်ဆင်ရေး” စတင်ကြောင်း ကြေညာချက်ကိုလည်း ယနေ့ (၂၇၊ ၁၀၊ ၂၀၂၃) တွင် တပြိုင်တည်း ထုတ်ပြန်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထက်ပါ ထုတ်ပြန်ကြေညာချက် များကို ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုပါသည်။
ယခုအချိန်သည် နိုင်ငံတဝန်းရှိ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး၊ နွေဦး တော်လှန်ရေးအင်အားစု အသီးသီးနှင့်ပြည်သူတရပ်လုံးက ပါဝင်၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွား ကြရမည်ဖြစ်သောကြောင့် ခုခံတွန်းလှန်စစ်တွင် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
“Statement on Operation 1027 and Related Operations”
27th October 2023
The Myanmar National Truth and Justice Party/the Myanmar National Democratic Alliance Army (MNTJP/MNDAA) issued a five-point statement declaring the commencement of their military operation. This operation is aimed at eradicating the military dictatorship that the entire Myanmar population is united in opposing.
The brotherhood alliance consisting of the Myanmar National Truth and Justice Party/Myanmar National Democratic Alliance Army (MNTJP/MNDAA), the Palaung State Liberation Front/Ta’ang National Liberation Army (PSLF/TNLA) and the United League of Arakan/Arakan Army (ULA/AA), collectively announced “Operation 1027” on October 27, 2023. The Ministry of Defence of the National Unity Government welcomes these announcements.
The moment has arrived for all ethnic revolutionary organizations, the forces of the Spring Revolution, and the people to fully engage in the elimination of the military dictatorship and wholeheartedly commit to the establishment of a Federal Democratic Union. We emphatically urge these forces and the people to maintain their unity throughout this journey, especially during each and every military defensive battle.
The Ministry of Defence is pleased to announce that we will join forces with the Brotherhood Alliance in Operation 1027. We will actively engage in the required operations to collaborate effectively in their endeavours.
Ministry of Defence
National Unity Government