ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂ သို့ ပန်ကြားသည့် “ပရာ့ဂ်ပန်ကြား ချက်
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂ သို့ ပန်ကြားသည့် “ပရာ့ဂ်ပန်ကြား ချက်”
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချက်သမ္မတနိုင်ငံသို့ လာရောက်လည်ပတ်ပြီး Forum 2000 ညီလာခံသို့တက်ရောက်ခဲ့ကြပါသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေး အင်အားစုကိုယ်စားလှယ်များပါဝင်သော ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ပရာ့ဂ် မြို့တွင်ကျင်းပသည့် Forum 2000 ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ပရာ့ဂ်မြို့ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ချက်သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Jan Lipavský နှင့် တွေ့ဆုံခဲ့ပြီး ဝန်ကြီးဒေါ်ဇင်မာအောင်မှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များနှင့် ဥရောပသမဂ္ဂသို့ “ပရာ့ဂ်ပန်ကြားချက်” ကိုပေးအပ်ခဲ့ပါသည်။
“ပရာ့ဂ်ပန်ကြားချက်” တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုး သားညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေးအင်အားစုများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပမှ မိတ်ဆွေများထံ “မြန်မာနိုင်ငံ၏အခြေအနေနှင့်စပ်လျဥ်းပြီး မြေပြင်တွင်အမှန်တကယ် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များ” ကို ပူးတွဲတင်ပြခဲ့ပြီး “ဖက်ဒရယ်ဒီမိုကရေစီ စနစ်အသွင်ကူးပြောင်းရေး” အတွက် ကြိုးပမ်းအားထုတ်မှုများတွင် ပံ့ပိုးကူညီကြရန် ပူးတွဲတောင်းဆိုခဲ့ကြသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးမဟာမိတ်များသည် “ပရာ့ဂ်ပန်ကြားချက်” တွင် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုး သားညွတ်ရေးအစိုးရ (NUG)၊ တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေးအင်အားစုများ သည် ဒီမိုကရေစီနှင့် ကိုယ်စားပြုအုပ်ချုပ်ရေးကတိကဝတ်တွင် စည်းလုံးညီညွတ်လျက် ရှိကြပြီး၊ မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်များ၏နှောင်ကြိုး ကွင်းဆက်ကိုချိုးဖျက်ပစ်ရန် စည်းလုံးညီညွတ်ကြောင်းဖော်ပြထားသည်။ ညီညွတ်သော တော်လှန်ရေးအင်အားစုတို့၏ဘုံနိုင်ငံရေးရည်မှန်းချက်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ လူနည်းစုများကို အကာအ ကွယ်ပေးရေးနှင့် လူမှုပေါင်းစည်းညီညွတ်မှုခိုင်မာစေရေး အခြေခံမူများပေါ်တွင် အခြေ ခံသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ရန်ဖြစ်သည်။ စစ်တပ်အားနိုင် ငံရေးမှဖယ်ရှားပစ်ရန်၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုနှင့် တာ၀န်ယူတာဝန်ခံ မှုရရှိရေးတို့အား ဆောင်ကျဥ်းနိုင်ရန်နှင့် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတ ကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်ပြုထားကြသည်။
“ပရာ့ဂ်ပန်ကြားချက်” ၏ အခြားထင်ရှားသောအချက်များမှာ “ညီညွတ်သောတော်လှန် ရေးအင်အားစုများသည် စည်းလုံးညီညွတ်သောဓီမိုကရက်တစ်ဖက်ဒရယ်စုပေါင်းအင် အားစုအဖြစ် အတူတကွပုံဖော်ခဲ့ကြပြီး နယ်မြေစိုးမိုးထိန်းချုပ်မှုကို တိုးမြှင့်ချဲ့ထွင်နိုင် လျက်ရှိနေကြကြောင်း၊ ယခုအချိန်သည် အပစ်အခတ်ရပ်စဲရေး၊စေ့စပ်ညှိနှိုင်းရေး သို့မ ဟုတ် ညှိ နှိုင်းဖြေရှင်းရမည့်အချိန်မဟုတ်ကြောင်း၊ ယခုအချိန်သည် အတုအယောင်ရွေး ကောက် ပွဲကျင်းပရမည့်ကာလမျိုးလည်းမဟုတ်ကြောင်း” ရှင်းလင်းစွာဖော်ပြထုတ် ပြန်ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုး သားညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေး အင်အားစုများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ အလွန်တိကျသော တောင်းဆို ချက် ၁၀ ချက်ကိုလည်း တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်များအတွက် အခြားနိုင်ငံ များ ကို စည်းရုံးကူညီရန် ဥရောပမှမိတ်ဆွေများကို တောင်းဆိုထားသည်။ (တောင်းဆို ချက် ဆယ်ခုလုံးပါရှိသည့် “ပရာ့ဂ်ပန်ကြားချက်” စာသားအပြည့်အစုံကို အောက်တွင် ရရှိနိုင်ပါသည်။)
ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နှင့် တွေ့ဆုံခြင်းအပြင် မြန်မာကိုယ် စားလှယ်အဖွဲ့အား ချက်သမ္မတနိုင်ငံအထက်လွှတ်တော်၊ ချက်သမ္မတနိုင်ငံအောက်လွှတ် တော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။
ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထက် လွှတ်တော် ဒုတိယဥက္ကဋ္ဌ Jiří Oberfalzer နှင့် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့် လုံခြုံ ရေးကော်မတီ ဥက္ကဋ္ဌ Pavel Fischer တို့နှင့် တွေ့ဆုံခဲ့ပါသည်။
ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့အား လွှတ်တော် အမတ် Josef Damián Flek နှင့် Jarmila Levko ဦးဆောင်သော “ဒီမိုကရက်တစ်မြန်မာ၏ မိတ်ဆွေများအဖွဲ့” မှ လက်ခံတွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲများအားလုံးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စည်းလုံးညီညွတ် သောဒီမိုကရက်တစ်ဖက်ဒရယ် စုပေါင်းအင်အားစုများ၏ နယ်မြေတိုးမြှင့်ထိန်းချုပ်လာ နိုင်မှုကိုမီးမောင်းထိုးပြကာ၊ စစ်အာဏာရှင်တို့၏ တိုက်ခိုက်မှုနှင့် အတိဒုက္ခများရောက် စေခြင်းအားလက်နက်သဖွယ်အသုံးပြုခြင်းများကိုခံနေရသည့် ရပ်ရွာပြည်သူလူ ထုအတွက် မရှိမဖြစ်လိုအပ်သော ပြည်သူ့ ဝန်ဆောင်မှုများနှင့် လူသားချင်းစာနာမှု အကူအညီများပံ့ပိုးပေးရန် စီမံအုပ်ချုပ်ရေးဆိုင်ရာအဆောက်အဦများ ဖွဲ့စည်းထူထောင် နေသည့်အခြေအနေများအား အဆိုပါအစည်းအဝေးများတွင် မြန်မာကိုယ်စား လှယ်အဖွဲ့က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ပြည်သူများ၏သဘောတူသဘောဆန္ဒကို ဖော်ဆောင်ရန်အတွက် ‘စစ်တပ်အားနိုင်ငံ ရေးမှဖယ်ရှားပစ်ရန်၊ အသွင်ကူးပြောင်း ရေးကာလတရားမျှတမှုနှင့် တာ၀န်ယူ တာဝန်ခံမှုရရှိရေးတို့အား ဆောင်ကျဥ်းနိုင်ရန်နှင့် နိုင်ငံပြန်လည်တည်ဆောက်ရေး အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုထားကြ သည့် ကြီးမားကျယ်ပြန့်ပြီး၊ စုံလင်ကွဲပြားကာ အားလုံးပါဝင်လျက် ပေါင်းစည်းညွတ် သည့်အင်အားစုကြီးအဖြစ်တည်ထောင်လာနိုင်ခဲ့သည့် လုပ်ငန်းစဉ်များကို ချက်သမ္မတ နိုင်ငံမှ မိတ်ဆွေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ချက်သမ္မတ Petr Pavel နှင့် Moldovan သမ္မတ Maia Sandu တို့က ဖွင့်လှစ် ပေးခဲ့သည့် Forum 2000 ညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
ညီလာခံအဖွင့်နေ့ဖြစ်သော အောက်တိုဘာ ၁၆ ရက် တနင်္လာနေ့ တွင် “လျစ်လျူရှုခံ မြန်မာ့ ရုန်းကန်မှု”ခေါင်းစဥ်ဖြင့်ဆွေးနွေးမှုတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ၀င်များကဦး ဆောင်ဆွေးနွေးသူများအဖြစ် ပါ၀င်ဆွေးနွေးခဲ့ပြီး အောက်ပါအတိုင်းနိဒါန်းပြုဆွေး နွေးခဲ့ပါသည်။ “ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်သည် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ သည်။ အာဏာသိမ်းမှုသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ဖီဆန် ရုန်းကန်လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။ စစ်အာဏာရှင်တို့က ဆန္ဒပြပွဲများကို ပြင်းထန် သော ဖိနှိပ်မှုများဖြင့်ဖိနှိပ်ရန် ကြိုးစားလာသောအခါတွင် မြန်မာပြည်သူများသည် အာဏာဖီဆန်ခြင်း၊ လက်နက်ကိုင်တော်လှန်ရေး၊ စီးပွားရေးသပိတ်မှောက်မှု၊ အသိ ပညာ၊ လူသားချင်းစာနာမှုနှင့် နိုင်ငံရေးအခြေပြုခုခံခြင်း စသည်အားဖြင့် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် မိမိကိုယ်ကိုခုခံကာကွယ်လာကြရပါသည်။
နှစ်နှစ်ခွဲကြာသည့်တိုင် စစ်အာဏာရှင်တို့သည် ပြည်သူလူထုအား ရက်စက်ကြမ်းကြုတ် စွာ နှိမ်နင်းရန်ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ မြန်မာ့နွေဦးတော်လှန်ရေး ကြီးသည် လွတ်လပ်ရေးနှင့် ဒီမိုကရေစီအတွက် အရဲရင့်အပြောင်မြောက်ဆုံး ကာလ အရှည်ကြာဆုံး လက်မလျော့တမ်းတိုက်ပွဲ၀င်သည့် တော်လှန်ရေးကြီးများထဲမှ တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ဒီမိုကရေစီ နိုင်ငံများက လုံးဝ လျစ်လျူရှုပြီး အထောက် အပံ့မပြုကြပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများနှင့် အရပ်ဘက်တက်ကြွလှုပ်ရှားသူကိုယ်စားလှယ်များ တက်ရောက်ဦးဆောင်ဆွေးနွေးသည့် ဆွေးနွေးပွဲတွင် စစ်အာဏာရှင်တို့သည် ပြည်သူအပေါ်အဘယ်ကြောင့် မအောင်မြင်နိုင် ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမဟာမိတ်များက ဒီမိုကရက်များ နှင့် အိမ်နီးချင်း များထံမှလိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။ စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုနှင့် အကြမ်းဖက်ခြင်းမှ လွတ်မြောက်ရေး ကြိုးပမ်းမှုအပေါ် အခိုင်အမာ ထောက်ခံသူ Igor Blazevic က ဆွေးနွေးပွဲအား ကူညီအကျိုးဆောင်ပံ့ပိုးခဲ့ပါသည်။
————————————
Prague Appeal to the European Union Member States and the EU
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂထံသို့ ပရာ့ဂ်မေတ္တာရပ်ခံချက်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်
ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် မြန်မာနိုင်ငံအခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်ရှိ ပကတိအမှန်တရားများကို သိရှိနားလည်စေရန်နှင့် နိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အပံ့ ဖြစ်စေရန် တို့အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပရှိ ကျွန်ုပ်တို့၏ မိတ်ဆွေများထံသို့ ဤပရာ့ဂ်မေတ္တာရပ်ခံချက်ကို ထုတ်ပြန်တောင်းဆိုအပ်ပါသည်။
ကျွန်ုပ်တို့သည် မိမိတို့၏ရပိုင်ခွင့်အပေါ် အခြေခံ၍ တော်လှန်ရေးဆင်နွှဲလာသည်မှာ တတိယနှစ်သို့ပင် တိုင်ခဲ့ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဒီမိုကရေစီကို ထိန်းသိမ်းကာ၊ အခြေခံလွတ်လပ်ခွင့်များနှင့် အရပ်သားအုပ်ချုပ်မှုကို ကာကွယ်စောင့်ရှောက်ပါသည်။ သေနတ်ကိုင်ဆောင်ထားသည့် လူရမ်းကားများထံ၌ ကျွန်ုပ်တို့၏ အသက်နှင့် အခွင့်အရေးများ ကို အညံ့ခံအရှုံးပေးမည် မဟုတ်ပါ။
ဤခုခံတော်လှန်မှုတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် အနစ်နာခံစွန့်လွှတ်မှုများ ပါဝင်ပါသည်။ တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သော်လည်း၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးအခြေအနေများကို ပို၍ဆိုးရွားစေခဲ့ပါသည်။ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်မှုများ၊ သတ်ဖြတ်မှုများ၊ အရပ်သားထောင်ပေါင်းများစွာအား ဖမ်းဆီးထိန်းသိမ်းထားမှုများကို ကျူးလွန်နေပြီး၊ ပြည်သူပေါင်း (၂) သန်းကျော်မှာ နိုင်ငံအတွင်း နေရပ်စွန့်ခွာပြောင်းရွေ့ နေထိုင်ကြရကာ၊ နေအိမ် (၇၀,၀၀၀) ကျော် ဖျက်ဆီးခံခဲ့ရပါသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် ဒီမိုကရေစီနှင့် ကိုယ်စားပြုအုပ်ချုပ်မှု နှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အာဏာရှင်ကွင်းဆက်ကို အဆုံးသတ်နိုင်ရေး တို့အတွက် စည်းလုံးညီညွတ်စွာဖြင့် ကတိကဝတ်ပြုအပ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အပေါ်တွင် အခြေပြု၍၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ လူနည်းစုများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုသဟဇာတဖြစ်မှု ခိုင်မာရေး စသည့် အခြေခံမူများအပေါ်၌ အခြေခံသော ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတော်တည်ထောင်ရန်မှာ ကျွန်ုပ်တို့၏ ဘုံနိုင်ငံရေးရည်မှန်းချက် ဖြစ်ပါသည်။ စစ်တပ်အား နိုင်ငံရေးမှ ဖယ်ရှားသွားရန်၊ အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် တာဝန်ခံမှုတို့ကို ဖော်ဆောင်ရန်နှင့် ကျွန်ုပ်တို့ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးတွင် နိုင်ငံတကာနှင့် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်သွားရန် တို့ကို ကတိကဝတ်ပြုပါသည်။
———————————–
ဒီမိုကရေစီအခြေခံသော စည်းလုံးညီညွတ်သည့် ဖက်ဒရယ် မဟာမိတ်ပူးပေါင်းမှုများကို အတူတကွ ဖော်ဆောင်ကာ နယ်မြေထိန်းချုပ်မှုကို ချဲ့ထွင်သွားမည်။
ကျွန်ုပ်တို့သည် ဘုံသဘောတူညီထားကြသော ရည်မှန်းချက်များ အောင်မြင်ရေး ဆက်လက် လုပ်ဆောင်သွားပါမည်။ အကြမ်းဖက်စစ်တပ်၏ ရန်လိုမှုများထံမှ ကျွန်ုပ်တို့၏ လူထုကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး၊ တချိန်တည်းတွင် ဖက်ဒရယ်ဒီမိုကရေစီပုံစံဖြင့် အောက်ခြေမှ အထက်သို့ လာသည့်လုပ်ငန်းစဉ်ဖြင့် နိုင်ငံတော်သစ်ကို တည်ဆောက်နေပါသည်။ ကျွန်ုပ်တို့၏ ဖက်ဒရယ်ဒီမိုကရေစီပုံစံကို အထောက်အပံ့ဖြစ်စေမည့် ထိရောက်သည့် နိုင်ငံရေးအရ ညှိနှိုင်းပေါင်းစပ်မှုနှင့် မူဝါဒလုပ်ငန်းစဉ်များကို ချမှတ်ဖော်ဆောင်လျက်ရှိပါသည်။ အာဏာရှင်စနစ်ကို အနိုင်တိုက်ထုတ်ပြီးသည်နှင့်တပြိုင်နက်၊ အင်အားစုများအကြား အသွင်ကူးပြောင်းရေးကာလအစိုးရတစ်ရပ်ကို ထူထောင်ကာ မြန်မာနိုင်ငံရှိ အစုအဖွဲ့များနှင့် လူမျိုးစုများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို စတင်ကာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
အကြမ်းဖက်စစ်တပ်၏ ဝန်ဆောင်မှုများအပေါ် တိုက်ခိုက်မှုများနှင့် ဆင်းရဲဒုက္ခရောက်ရမှုများအား လက်နက်အဖြစ် အသုံးချမှုများကို ရင်ဆိုင်ရသော်လည်း၊ ရပ်ရွာလူထုထံသို့ မရှိမဖြစ်လိုအပ်သည့် ပြည်သူ့ဝန်ဆောင်မှုများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီမျာ းပေးနိုင်ရေးအတွက် ကျွန်ုပ်တို့အနေဖြင့် စီမံအုပ်ချုပ်ရေးဖွဲ့စည်းမှုများကို ဖွဲ့စည်းတည်ဆောက်ထားပြီး ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ပူးတွဲနယ်မြေထိန်းချုပ်မှုဆိုင်ရာ ပေါင်းစည်းမှုသည် တဖြည်းဖြည်းချင်း ဖြစ်ထွန်းသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့၏ ကြီးမားပြီး၊ စုံလင်ကွဲပြားမှုရှိသော အားလုံးပါဝင်သည့် မဟာမိတ်ပူးပေါင်းမှုတွင် တခဲနက်သဘောတူညီချက် ရရှိရန်အတွက် စစ်မှန်သည့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှု လိုအပ်ကြောင်း တို့ကို မိတ်ဆွေများအနေဖြင့် နားလည်အသိအမှတ်ပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးနေခြင်းကြောင်းကို မိတ်ဆွေများအနေဖြင့် နားလည်သဘောပေါက် ရန် တောင်းဆိုပါသည်။ ရက်စက်ကြမ်းကြုတ်မှုများ၊ အရပ်သားများအား နေအိမ်၊ နေရပ်များမှ နှင်ထုတ်မှုများ၊ နေအိမ်များအား မီးရှို့မှုများနှင့် အကူအညီများအား ငြင်းပယ်မှုများသည် ၎င်းတို့၏ တော်လှန်ရေးလှုပ်ရှားမှုများကို တန်ပြန်နှိမ်နှင်းရေးဗျူဟာ ၏ အဓိကဗဟိုချက် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် အကြမ်းဖက်စစ်တပ်အား စီမံထိန်းချုပ်ခွင့် လုံးဝမပြုသင့်ပါ။
——————————
ယခုအချိန်သည် အပစ်အခတ်ရပ်စဲရေးဖြစ်စေ၊ စေ့စပ်ညှိနှိုင်းရေးဖြစ်စေ လုပ်ဆောင်ရမည့် အချိန် မဟုတ်ပါ။
အကြမ်းဖက်စစ်တပ်က ၎င်း၏အကြမ်းဖက်မှုများကို ရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ တိုင်းပြည်၏နိုင်ငံရေးတွင် ပါဝင်နေမှုကို ရပ်တန့်ကာ၊ ကျွန်ုပ်တို့၏ ဘုံနိုင်ငံရေး ရည်မှန်းချက်များအပေါ် အခြေခံသည့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီအဖြစ် မြန်မာနိုင်ငံအား အသွင်းကူပြောင်းရေးကို လက်ခံရန် အဆင်သင့်ဖြစ်ခြင်း မရှိသေးသရွှေ့ မည်သည့်တွေ့ဆုံဆွေးနွေးမှုမှ ဖြစ်ထွန်းမည် မဟုတ်ပါ။ အကြမ်းဖက်စစ်တပ်၏ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေမှုများ မှာ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများအကြား ကွဲလွဲမှုဖြစ်စေရန် ရည်ရွယ်သည့် မရိုမသား၊ တရားမဝင် လုပ်ဆောင်ချက်များသာ ဖြစ်ပါသည်။ အကြမ်းဖက်စစ်တပ်နှင့် အဖွဲ့အစည်းတခုခု အကြား အာဏာခွဲဝေရေးအစီအစဉ်အလားအလာ များကို ကျွန်ုပ်တို့အနေဖြင့် အတိအလင်း ကန့်ကွက်ပါသည်။
——————————————–
အတုအယောက်ရွေးကောက်ပွဲ ကျင်းပရမည့် အချိန်လည်း မဟုတ်ပါ။
ကျွန်ုပ်တို့၏ ခေါင်းဆောင်များသည် လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု လွတ်လပ်စွာ သတ်မှတ်ခံထားရသည့် အထွေထွေရွေးကောက်ပွဲမှ ၎င်းတို့ထံ အပ်နှင်းထားသည့် ဒီမိုကရေစီလုပ်ပိုင်ခွင့်ကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ပါသည်။ အကြမ်းဖက်စစ်တပ်တွင် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာ မရှိပါ။ ယင်းအချက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့အပါအဝင် နိုင်ငံ၏မဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီ (၄၀) ကို ဖျက်သိမ်းရန် အကြမ်းဖက်စစ်တပ်၏ ကြိုးပမ်းမှုတွင် ထင်ရှားသည်။
———————————————–
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးအင်အားစုများ အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပရှိ မိတ်ဖက်များထံ အောက်ပါအချက်များကို တောင်းဆိုအပ်ပါသည်-
• မြန်မာပြည်သူလူထု၏ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက် မည့် ဆုံးဖြတ်ချက်ကို လေးစားရန်နှင့် အကြမ်းဖက်စစ်တပ်၏ ခေါင်းမာမှုကို အကျိုးဖြစ်စေ မည့် ကိုယ့်သဘောနှင့်ကိုယ် ကြားဝင်စေ့စပ် ညှိနှိုင်းဆွေးနွေးမှုများကို မပြုလုပ်ကြရန်၊
• အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပရန် ကြံစည်အားထုတ်မှု များသည် အကြမ်းဖက်မှုများသို့သာ ဦးတည်စေပြီး၊ ဒေသတွင်း တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်နိုင်သည်ကို သတိပြုကြရန်နှင့် လက်မခံကြရန်။
• နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး လမ်းကြောင်းများ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ပေးနေသူများ နှင့် ပြင်ပဝန်ဆောင်မှုပေးသူများ မှတဆင့် အကူအညီများ လိုအပ်လျက်ရှိသော နိုင်ငံအတွင်း နေရပ်စွန့်ခွာ ပြောင်းရွေ့နေထိုင်ကြရသည့် ပြည်သူအားလုံးထံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပို၍ ပံ့ပိုးပေးရန်။
• အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်စပ်နေသော လုပ်ငန်းစုများ၊ငွေကြေးအဖွဲ့အစည်း များ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် လေယာဉ်ဆီကုမ္ပဏီများအား အရေးယူ ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ရန်နှင့် ချမှတ်ထားပြီးဖြစ်သော ပိတ်ဆို့မှုများကို ထိရောက်မှုရှိစေရေး လုပ်ဆောင်ရန်။ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုအပေါ် စစ်ပွဲဆင်နွှဲနေသော အကြမ်းဖက်စစ်တပ်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သည့်အတွက်၊ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ပါသည်။ (စင်္ကာပူနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် MFTB၊ MICB တို့အပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု များနှင့် FATF ၏ “Call for Action- 2023 June 23” တို့အား ထိရောက်မှုရှိအောင် လုပ်ဆောင်သကဲ့သို့၊ EU အခြေစိုက်ဘဏ်များအနေဖြင့်လည်း UOB Singapore ၏ လုပ်ဆောင်ချက်များအတိုင်း လိုက်ပါဆောင်ရွက်ကြရန်၊ စင်္ကာပူတရားရုံးသည် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများ တင်ပို့မှု တားမြစ်ချက်အရ Hydronav အား မြန်မာနိုင်ငံသို့ ဆိုနာနှင့် ဒရုန်းများ ရောင်းချမှုအတွက် ၁.၁၃ သန်း ဒဏ်ရိုက်ခဲ့သကဲ့သို့၊ လောင်စာဆီအတွက်လည်း အလားတူ လုပ်ဆောင်နိုင်ပါသည်။)
• NUG နှင့် အဆင့်ဆင့်ဖွံ့ဖြိုးလာလျက်ရှိသော ပြည်နယ်အစိုးရများအား မြန်မာနိုင်ငံ၏ တရားဝင် အစိုးရများအဖြစ် အသိအမှတ်ပြုရန်နှင့် အခြားတော်လှန်ရေးအင်အားစုများအား ဒီမိုကရေစီ အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုရန်။
• ကျွန်ုပ်တို့အား နည်းပညာအကူအညီများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန်နှင့် ကျွန်ုပ်တို့၏ ရပ်ရွာလူထုနှင့် ပြည်သူများ၏ အသံကို ကြားသိနိုင်ရန်နှင့် တရားဝင် ကိုယ်စားပြုနိုင်ရန်တို့အတွက် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များအား နှစ်နိုင်ငံနှင့် EU နိုင်ငံစုံ အစည်းအဝေးများသို့ ဖိတ်ကြားရန်။
• မြန်မာနိုင်ငံအပေါ် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းမှုများကို ရှေ့တိုးလုပ်ဆောင်နိုင်စေရန်နှင့် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) အပေါ် မြန်မာစစ်တပ်က လိုက်နာရန် ပျက်ကွက်မှုကို ကိုင်တွယ်ဆောင်ရွက်ရန် တို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ဆက်လက် ဖိအားပေးရန်နှင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ဦးရွက်မှု ပြုစေရေး တိုက်တွန်းရန်။
• နိုင်ငံတကာတရားမျှတရေး ယန္တရားများမှတဆင့်ဖြစ်စေ၊ နိုင်ငံတော်တရားရုံးများ၌ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ကို အသုံးပြု၍ဖြစ်စေ၊ မြန်မာနိုင်ငံ၌ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရေးတို့ကို ဖော်ဆောင်လျက်ရှိသည့် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများကို ကူညီထောက်ခံရန်။
• အကြမ်းဖက်စစ်တပ်၏ တရားဝင်ဖြစ်မှု တောင်းဆိုချက်များကို ပယ်ချရန်၊ ၎င်း၏ အတုအယောင် ရွေးကောက်ပွဲများကို ဆန့်ကျင်ရန်နှင့် ကုလသမဂ္ဂအစည်းအဝေးများ အပါအဝင် ဥရောပသမဂ္ဂနှင့် နိုင်ငံတကာဆွေးနွေးပွဲများတွင် အကြမ်းဖက်စစ်တပ်မှ ပါဝင်တက်ရောက်မှု မရှိစေရေး တားဆီးပိတ်ပင်ရန်။
• အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု ပြုရေးအတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အခြားသော ဖွံဖြိုးတိုးတက်မှု ဖော်ဆာင်ရေးဆိုင်ရာ အဖွဲ့အစည်းများ အား အားပေးရန်နှင့် အကြမ်းဖက်စစ်တပ်ကို တရားဝင်မှုဖြစ်စေသည်ဟု ယူဆနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန်။