သတင်းထုတ်ပြန်ချက် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်

သတင်းထုတ်ပြန်ချက်
၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့်ပတ်သတ်၍ သတင်း အမှားများကို အခြေခံလျက် စွတ်စွဲပြောဆိုသော အသံဖိုင်တစ်ခုကို KPTV News အမည်ရသည့် Facebook Page က ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်ကို တွေ့ရသည်။
၂။ အသံရှင်မှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး၊ ၄င်း၏အမည်မှာ မောင်ဒေါနဖြစ်ကြောင်း ၄င်းကိုယ်တိုင်၏ အသံဖိုင်တွင် ဖော်ထုတ်ပြောဆိုချက်အရ သိရသည်။
၃။ ဤအသံဖိုင်တွင် ကာကွယ်ရေးဝန်ကြီးနှင့်ပတ်သတ်၍
(က) ဦးရည်မွန်သည် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ရာပြည့်၊လှမောင်‌ရွှေတို့နှင့်တွေ့ဆုံဆွေးနွေးသည်ဟူသော သတင်း အမှား
(ခ) မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက်ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံခဲ့ရသည် ဟူသောသတင်းအမှားများကို ကိုးကားလျက် အသံရှင်က ဦးရည်မွန်အပေါ် စွတ်စွဲပုတ်ခတ်ပြောဆိုထားသည်ကို တွေ့ရသည်။
၄။ ၄င်းကိုးကားချက် နှစ်ခုလုံးသည် မြေပြင်တွင် လုံးဝဖြစ်ပေါ်ခဲ့ခြင်းမရှိသော သတင်းအမှားများဖြစ်ရုံမက အကြမ်းဖက် စစ်ကောင်စီဘက်သားများက ဆိုရှယ်မီဒီယာတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တို့၏ ဂုဏ်သတင်းကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ချီနေခဲ့သော သတင်းအတုများလည်း ဖြစ်ပါသည်။
၅။ ဤအသံဖိုင်ကိုထုတ်လွှင့်သော KPTV News အနေဖြင့်လည်းကောင်း၊ အသံရှင်အနေဖြင့်လည်းကောင်း သတင်းအမှား၊ သတင်းအတုများကို အခြေခံလျက် စွတ်စွဲပြောဆိုထုတ်လွှင့်မှုကို တာဝန်ယူမှုရှိရှိဖြင့် ပြန်လည်ရုတ်သိမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ