လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ (၁၈)ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း သုံးရာလေးဆယ့်လေးသိန်း တိတိချီးမြှင့်ခဲ့
သတင်းထုတ်ပြန်ချက်
လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ (၁၈)ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း သုံးရာလေးဆယ့်လေးသိန်း တိတိချီးမြှင့်ခဲ့
ဇွန်လ (၂၇)ရက်၊ ၂၀၂၂ခုနှစ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက်နှင့်တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ပြည်သူ့သူရဲကောင်းအဖြစ်သတ်မှတ်ထားပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်လျက်ရှိသည်။
ပြည်သူ့ရင်ခွင်သို့လက်နက်နှင့်တကွ ဝင်ရောက်လာသူများစွာ ရှိနေပြီး မိမိတို့ဆီပေးပို့လာသော သတင်းအချက်အလက်များအရ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့်ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ (၁၈)ဦး ကို ၄င်းတို့ ယူဆောင်လာခဲ့သော လက်နက်၊ခဲယမ်း၊ချပ်ဝတ်တန်ဆာ အမျိုးအစားများပေါ်မူတည်ပြီး ကျပ်ငွေ သိန်းပေါင်း သုံးရာလေးဆယ့်လေးသိန်းတိတိ ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ဥပဒေများဖြင့်အကာအကွယ်ပေးသွားမည်ဖြစ်ပြီး ဂုဏ်ပြုဆုငွေများဆက်လက်ချီးမြှင့်သွားရန်ရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ