ဘဏ္ဏာရန်ပုံငွေများမှ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၄) သန်းကျော် လက်ခံရရှိခဲ့ပြီး၊ ပုံပါအတိုင်း သက်ဆိုင်ရာကဏ္ဏများအလိုက် ခွဲဝေထောက်ပံ့ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၂ ခုနှစ်၊ မေလ အထိ နေရာဒေသအသီးသီးမှ မိဘပြည်သူများရဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ တိုက်ရိုက်ထောက်ပံ့ပေးပို့ငွေ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှာဖွေလျက်ရှိတဲ့ ဘဏ္ဏာရန်ပုံငွေများမှ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၄) သန်းကျော် လက်ခံရရှိခဲ့ပြီး၊ ပုံပါအတိုင်း သက်ဆိုင်ရာကဏ္ဏများအလိုက် ခွဲဝေထောက်ပံ့ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။
ဒီ ငွေကြေးပမာဏဟာ ကာကွယ်ဝန်ကြီးဌာမှ တိုက်ရိုက်ခွဲဝေ အသုံးချနေရတဲ့ ဘဏ္ဏာရန်ပုံငွေပမာဏလိုအပ်ချက်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ရန်ပုံငွေမြောက်များစွာ ထပ်မံ လိုအပ်လျက် ရှိနေသေးတဲ့အပြင် အခုအချိန်ဟာ တော်လှန်ရေးအတွက် ရေချိန်မြင့်တဲ့ကာလကို ရောက်နေပြီဖြစ်တဲ့အတွက် အဓိကကျတဲ့ ဘဏ္ဏာရန်ပုံငွေများ အချိန်မီဖြည့်တင်းနိုင်ဖို့ရာ မိဘပြည်သူတွေအနေနဲ့ တော်လှန်ရေးအောင်စိတ်ထက်သန်စွာနဲ့ NUG အစိုးရရဲ့ ဘဏ္ဏာရန်ပုံငွေရှာဖွေရေး လုပ်ငန်းစဥ်တွေမှာ ဆက်လက်ပြီး စွမ်းသမျှ ကူကြ၊ လှူကြ၊ ထောက်ပံ့ပါဝင်ပေးကြဖို့ လေးစားစွာနဲ့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ