ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဥ်ရဲ့နှစ်လတာအချိန်ကာလအတွင်းမှာ မိသားစုအဖွဲ့ဝင်ဦးရေ (၄၅၈၆) ဦး ပါဝင်အကျိုးပြုခဲ့ပါတယ်
ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဥ်ရဲ့နှစ်လတာအချိန်ကာလအတွင်းမှာ မိသားစုအဖွဲ့ဝင်ဦးရေ (၄၅၈၆) ဦး ပါဝင်အကျိုးပြုခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထည့်ဝင်လာကြတဲ့မိသားစုများရဲ့ ထောက်ပံ့မှုများဟာ အမေရိကန်ဒေါ်လာ ၆၀၈,၆၄၁ ရှိတဲ့အတွက် မြန်မာငွေအားဖြင့် ကျပ်သိန်းပေါင်း (၁၀,၆၅၁) တိတိကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးအင်အားစုအသီးသီးဆီ ခွဲဝေဖြန့်ဖြူးပြီးဖြစ်ပါတယ်။
သိန်းနဲ့ချီတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်များကို လစဉ်ထောက်ပံ့နိုင်ရေး ရည်မှန်းချက်ကိုပြည့်မီရန် များစွာဝေးကွာနေသေးသော်လည်း မိသားစုများ၏ လစဥ်ထောက်ပံ့မှုများကြောင့် ကာကွယ်ရေးအဖွဲ့အစည်းများအတွက် လိုအပ်ချက်အချို့ကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး စိတ်ဓါတ်ခွန်အားကိုပါ တိုးမြှင့်စေခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးပြောတာက ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဉ်ဟာ ကျွန်တော်တို့လို ဖက်ဆစ်စစ်တပ်ကို တော်လှန်ချင်စိတ်တစ်ခုတည်းနဲ့အိမ်က စွန့်ခွာလာသူများအတွက် လက်တွေ့အကျိုးပြုတဲ့အစီအစဉ်ပါပဲ။မိသားစုများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းမေတ္တာပို့ပေးပါတယ်။ ဆက်လက်ပါဝင်ပေးကြပါဦးလို့ ပြောလိုပါတယ်။
ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။