ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ်များကို မဟာဗျုဟာကျ ဟန်ချက်ညီညီတိုက်ခိုက်နိုင်ခဲ့
သတင်းထုတ်ပြန်ချက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ်များကို မဟာဗျုဟာကျ ဟန်ချက်ညီညီတိုက်ခိုက်နိုင်ခဲ့
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နှင့် (၉) ရက်နေ့များက ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်း တပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးဆိုင်ရာပစ်မှတ် (၁၆) ခုကို မဟာဗျုဟာကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့သည်။
တိုက်ခိုက်ခဲ့သော ပစ်မှတ်များမှာ
ကန့်ဘလူမြို့နယ်တွင်
(၁) ကိုးတောင်ဘို့အထိုင်စခန်း၊
(၂) စံပယ်နသာအထိုင် ရဲစခန်း၊
(၃) စိန်နားကျေးရွာပျုစောထီးအထိုင်စခန်း၊
ကောလင်းမြို့နယ်တွင်
(၁) ကောလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရန်သူ့တပ်များ
တန့်ဆည်မြို့နယ်တွင်
(၁) အင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်း၊
မုံရွာမြို့နယ်တွင်
(၁) ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်း၊
(၂) ဗောဓိတစ်ထောင် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊
(၃) အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊
ခင်ဦးမြို့နယ်တွင်
(၁) မဒေါင်းလှပျူစောထီးစခန်း၊
ယင်းမာပင် မြို့နယ်တွင်
(၁) ယင်းမာပင် ရဲစခန်း၊
ပုလဲမြို့နယ်တွင်
(၁) ပုလဲ ရဲစခန်း၊
(၂) အင်မထီးပျူစောထီးစခန်း၊
(၃) ဇီးဖြူကုန်း ပျူစောထီး စခန်း၊
(၄) ကန်ဒေါင့်ရဲစခန်း၊
မြောင်မြို့နယ်တွင်
(၁) ကျောက်ရစ်ရဲစခန်း၊
ရွှေဘိုမြို့နယ်တွင်
(၁) ပန်းလှိုင် ကျေးရွာ ပျူစောထီးအထိုင်စခန်းတို့ ဖြစ်သည်။
တိုက်ပွဲများအတွင်း ရန်သူ့တပ်သား (၄၄) ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ပြည်သူ့ ကာကွယ်ရေးရဲဘော် (၂) ဦးကျဆုံးခဲ့ကာ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရန်သူ့တပ်ထံမှ လက်နက်ငယ်များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်။
တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်တပ်ရင်းများ၊ ကောလင်းခရိုင် တပ်ရင်း များ၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ မုံရွာခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင် တပ်ရင်း များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြောင်)၊ (ခင်ဦး)၊ (မုံရွာ)၊ (ကောလင်း)၊ (ကန့်ဘလူ)၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ခင်ဦး)၊ ကျေးရွာ တပ်ပေါင်းစု (Myaung)၊ ရွှေညာမြေတပ်ပေါင်းစု၊ ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုများ၊ Chindwin Toe Na Yar PDF၊ Real Hero၊ သခင်ဒေါင်းညို၊ Jungle Hunter revolution Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုနှင့် မဟာဗျုဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Statement
Joint People’s Defense Force successfully launches attacks on 15 military targets in Sagaing Region
2023 , February 11
On February 8th and 9th, 2023, the joint forces of the People’s Defense Force (PDF) were able to successfully launch attacks on 15 military targets in Sagaing Region. The coordinated attacks targeted the following locations:
Kantbaly Township: Koe Taung Bot Outpost, Salpal Nadar Police Station, Sein Nar Village Pyu Saw Hti Camp
Kawlin Township: Kawling Township General Administration Department Office
Taze Township: In Gone Village Pyu Saw Hti Camp
Monwya Township: Kyauk Gyi Taung Tower Station Outpost, Baw Di Ta Htaung Television Broadcasting Station, Northwestern Military Command HQ
Khin Oo Township: Ma Daung Hla Pyu Saw Hti Camp
Yinmarbin Township: Yinmarbin Township Police Station
Pale Township: Pale Township Police Station, In Ma Htee Pyu Saw Hti Camp, Zi Phyu Kone Pyu Saw Hti Camp, Kan Daunt Police Station
Myaung Township: Kyauk Yit Police Station
Shwebo Township: Pan Hlaing Village Pyu Saw Hti Camp
During the fighting, 44 enemy soldiers were killed and 8 were wounded. Two PDF soldiers were killed and 13 were wounded. The PDF forces were able to seize small arms, ammunition, and military equipment from the junta army.
The PDF battalions based in Sagaing Region acted in harmony with the command of the PDF HQ, No. 1 Military Command, and District Commands.
We salute the brave soldiers of the PDF for their successful operations in defending the people of Myanmar.
Ministry of Defence
National Unity Government
(ယခုဖော်ပြပါ စစ်ရေးပစ်မှတ်များအပြင် မဟာဗျုဟာကျ ဟန်ချက်ညီ တိုက်ခိုက်ခဲ့သော တခြားစစ်ရေးပစ်မှတ်များအားလည်း ဆက်လက်ထုတ်ပြန်သွားပါမည်။)