ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပွားတတ်သည့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါ။
ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန်

 (မတ်လ၊ ၂၀၂၅ ခုနှစ်)

💧 အစားအစာ ပြင်ဆင်ချက်ပြုတ်နေစဉ်၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ဆေးပါ။
💧 သန့်ရှင်းသော ရေ (ကျိုချက်ထာသော ရေ) ကို သောက်သုံးပါ။
💧 သန့်ရှင်းသော ရေဖြင့် ပြုလုပ်ထားသည့် ရေခဲချောင်းနှင့် ရေခဲများကိုသာ စားသုံးပါ။
💧 သောက်သုံးရေကို အဖုံးပါပြီး သန့်ရှင်းသော အိုး၊ ဗူး၊ ကန်များတွင် သိုလှောင်ပါ။
💧 ရေပိုက်များနှင့် ရေသိုလှောင်ကန်များကို ပုံမှန်ဆေးကြောပါ။
💧 သေချာစွာ ချက်ပြုတ်ထားသော အစားအစာကိုသာ စားသုံးပါ။
💧 အသီးအနှံများနှင့် အသီးအရွက်များကို သေချာစွာ ဆေးကြောပါ။
💧 ယင်လုံအိမ်သာ အသုံးပြုပါ။ တွေ့ကရာနေရာတွင် မစင်မစွန့်ရ။

ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ