ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့”အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ဆုမွန်ကောင်းစကား

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁)ရက် ယနေ့ကျရောက်တဲ့ “ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့”မှာ မိမိတို့ နိုင်ငံသူ နိုင်ငံသား ဗုဒ္ဓဘာသာဝင်များသာမက နိုင်ငံတဝန်းရှိ လူထုတရပ်လုံး စိတ်အေးချမ်းမှုအပေါင်းနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။