အမှတ်(၁) စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်

အမှတ်(၁) စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်
(၂၀၂၃ ခုနှစ်၊ မေလ)
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့
 
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၉) ဦး သေဆုံး၍ (၆၈၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မိမိရဲဘော် (၄၁) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၄)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။
ဤ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။