‘ မြို့ ‘
▪️ သင့်သူ
မြို့ကစစ်ဆီကို ရောက်အောင်
သွားနေတယ်။
စစ်ထဲမှာ သူ့မြို့သားတွေ
သူ့ရဲဘော်တွေပါတာကိုး။
သူ့မြို့သားတွေသူ့ဆီကိုပြန်ရောက်ဖို့
သူ့ရဲဘော်တွေ ပြည်တော်ဝင်ဖို့
မြို့ဟာ သူလုပ်နိုင်တာကိုအကုန်လုပ်နေတယ်။
ငိုဆိုတော့လည်း ရှိုက်ကြီးတငင်
ကြိုဆိုတော့လည်းအပြေးတပိုင်း။
မြို့တံတိုင်းထိပ်မှာ
ကြယ်ဖြူ အလံကြီးကို အဆင်သင့်ဝှက်လို့။
မြို့လမ်းတွေမှာ သပြေနုတွေ ရဲရဲနီလို့။
မြို့ဟာ သူ့သမိုင်းကို သူသွေးလို့။
မြို့ဟာ
သူ့မြို့သားတွေကို သူလွမ်းကြောင်းပြဖို့
စစ်ထဲအတင်းတိုးဝင်နေတယ်
မြို့ဟာသူမြို့သားတွေကို သူမခွဲနိုင်ကြောင်းပြဖို့….
မြို့ဟာ
စနစ်ကိုပြင်ဖို့ ဘယ်လောက်နာနာတဲ့
အချစ်ကိုမြင်ဖို့ အရောက်လာနေသလို
စစ်ကိုပြင်လို့စောင့်ကာ နေတယ်။ ။