National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပြောကြားသည့် သတင်းစကား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပြောကြားသည့် သတင်းစကား
ပြည်သူ့တော်လှန်ရေး ​ရှေ့ခရီး
…………………………………
ပြည်သူ့တော်လှန်ရေး (၃) နှစ်ဝန်းကျင် ကာလအတွင်း EROs ခေါင်းဆောင် အားလုံးနီးပါးနဲ့ လူကိုယ်တိုင်ရော အွန်လိုင်းကပါ အဆက်မပြတ် တွေ့ဆုံဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံတိုင်း အထူးသတိပြုမိတာက ခေါင်းဆောင်အားလုံးမှာ “ပြည်ထောင်စုစိတ်ဓာတ်” ရှိကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။
ခွဲထွက်ဖို့ ပြည်ပသြဇာခံဖို့ ဘယ်သူမှ မစဥ်းစားကြဘဲ တိုင်းရင်းသားလူမျိုးစုတိုင်း ကိုယ့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်၊ ဂုဏ်သိက္ခာရှိရှိ အားလုံးအကျိုးတူ လက်တွဲပူးပေါင်းပြီး လွတ်လပ်တဲ့ ပြည်ထောင်စုသစ် ထူထောင်ဖို့ပဲ စိတ်ဆန္ဒ ရှိကြတယ်ဆိုတာ တွေ့ရတယ်။
ဒီလို ပြည်ထောင်စုသစ် ထူထောင်ဖို့ဆိုရင် စစ်အာဏာရှင် အမြစ်ဖြတ်နိုင်မှ ရမယ်ဆိုတာလည်း အားလုံး သဘောကိုက်ညီကြတယ်။
စစ်အုပ်စုနဲ့ပတ်သက်ရင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကျွန်တော်တို့ထက် အတွေ့အကြုံ ပိုများပါတယ်။ စစ်အုပ်စုနဲ့ပတ်သက်ရင် အံတိုနေတဲ့ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေချည်းပဲလို့ ဆိုနိုင်တယ်။ သူတို့အတွေ့အကြုံကို လေ့လာသင်ယူခွင့်ရရှိတာလည်း ကျွန်တော်တို့အတွက် အကျိုးထူးတယ် ပြောရမယ်။
စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ဖို့ဆိုရင် တစ်ဦးကောင်း တစ်ဖွဲ့ကောင်း ဆောင်ရွက်လို့ မရနိုင်ဘဲ၊ အတူတကွ လက်တွဲပူးပေါင်းပြီး ဟန်ချက်ညီညီ အလုပ်လုပ်မှ ရနိုင်မယ်ဆိုတာလည်း အားလုံး သဘောကိုက်ညီကြတယ်။
NUG နဲ့EROs တွေကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘောထား ရှိပြီလားလို့ မေးရင် အရေးကြီးပြီး အခြေခံကျတဲ့ နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘာထားများ ရှိပြီး ဖြစ်တယ်လို့ ဖြေချင်ပါတယ်။
နိုင်ငံရေးရော စစ်ရေးပါ မဟာဗျုဟာပိုင်း ညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှု တောက်​လျှောက် ရှိခဲ့တယ်၊ ရှိနေတယ်လို့ အသိပေးလိုပါတယ်။
လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ။ တော်လှန်ရေး အောင်တဲ့အခါ ဖက်ဒရယ်ယူနစ်ကိစ္စ၊ ဖက်ဒရယ်ယူနစ် တစ်ခုချင်းရဲ့ နယ်မြေ၊ နယ်နိမိတ် သတ်မှတ်ရေးကိစ္စ စသဖြင့် ကိုယ့်အချင်းချင်းကြား ပြောစရာတွေ အများကြီး ရှိပါလိမ့်မယ်။
ဒီကိစ္စ​တွေ ကိုင်တွယ်တဲ့အခါ အင်အားအသုံးမပြုကြဘဲ စားပွဲဝိုင်းမှာပဲ ကျေလည်အောင် ပြောကြမယ်ဆိုတာလည်း အားလုံး သံန္နိဌာန် ချပြီး ဖြစ်တယ်။
တော်လှန်တဲ့ ပြည်သူနဲ့အတူ တော်လှန်ရေးအဖွဲ့​တွေ ရှေ့ဆက်ချီတက်​နေပါတယ်။
 
ရည်မွန်
၁၂ဒီဇင်ဘာ၂၀၂၃။