၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖရုံးချုပ်၊ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ စွမ်းရည်မြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလအတွင်း သင်ဆန်းဆင်းပွဲ ပြုလုပ်ခဲ့ပါသည်။
ပကဖ စွမ်းရည်မြှင့်သင်တန်းကို စစ်ကိုင်းတိုင်းတွင်းရှိ ခရိုင်များ၊ မြို့နယ်များမှ ပြည်သူ့ရေးရာ တာဝန်ခံများ အပါအဝင် တခြားသော တာဝန်ရှိသူများစုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၀၀) ခန့် တက်ရောက်ခဲ့သည်။
အဆိုပါ သင်တန်းတွင် လူထုစည်းရုံးရေး၊ ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ပိုင်း သင်ကြားခဲ့ပြီး ပြည်သူ့စစ်မဟာဗျူဟာကို အဓိကထား ကျင့်သုံးလျက်ရှိသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ လူထုစည်းရုံးရေးပိုင်း လုပ်ငန်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် လုပ်ဆောင်ခဲ့ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ကွပ်ကဲမှု အဆင့်ဆင့်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စစ်ဘက်ဆိုင်ရာ စည်းကမ်း၊ စစ်ဘက်ကျင့်ဝတ်၊ စစ်ဥပဒေ နှင့် ညီညွတ်သည့် စနစ်ကျသောတပ်ဖွဲ့များ ဖြစ်လာစေရန် သင်တန်းများ ပုံမှန် ဖွင့်လှစ်လျက်ရှိပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ