ဧပြီလ ၁၃ ရက်မှ ၂၀ ရက်အထိ ကာလကို”နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရသတ်မှတ်
၂၀၂၅ခုနှစ် ဧပြီလ ၁၂ ရက်
၁။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့သော မြန်မာပြည်သူများအား နှစ်သိမ့်အားပေးမှု ပြုနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁၃ ရက်မှ ၂၀ ရက်အထိ ကာလကို “နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် သတ်မှတ်ထားပါသည်။
၂။ အဆိုပါ ရက်သတ္တပတ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှါ ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များတွင် ဧပြီ ၁၃ ရက်မှ ၂၀ ရက်အထိ ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ဆက်လက် ရပ်ဆိုင်းထားရန်နှင့် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သောအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက အထူးညွှန်ကြားချက် (၃/၂၀၂၅) ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ညွှန်ကြားထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။