ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့ငွေတွေ မြေပြင်ဘယ်လိုစီးဆင်းလဲ။
လက်ရှိမှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF) ကနေ ရရှိလာတဲ့ ထောက်ပို့ငွေများကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနှင့်အထွေထွေအသုံးစရိတ်အတွက် အဓိက အသုံးပြုနေပါတယ်။
ထောက်ပို့တပ်သားများရဲ့ ထောက်ပို့ငွေများကို (၁၆) ကြိမ်မြောက် တပ်ရင်းရိက္ခာနှင့်အထွေထွေအသုံးစားရိတ်အဖြစ် စက်တင်ဘာလထဲမှာ ပေးအပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်များကို ပြည်သူလူထုကြီး သိရှိစေရန် အစီရင်ခံ ဖော်ပြအပ်ပါတယ်။
PRF ထောက်ပို့တပ်သားများရဲ့ တာဝန်ထမ်းဆောင်ပေးပို့ခဲ့တဲ့ ထောက်ပို့ငွေများကို (၁၆) ကြိမ်မြောက် တပ်ရင်းရိက္ခာနှင့်အထွေထွေအသုံးစားရိတ်အဖြစ် စုစုပေါင်း ခန့်မှန်း အမေရိကန် ဒေါ်လာ ၁ သန်းခန့် အသုံးပြုခဲ့တဲ့ထဲမှာ ၅၀% ကျော် ပါဝင်ခဲ့တဲ့အကြောင်း လေးလေးနက်နက် အသိပေးတင်ပြအပ်ပါတယ်။
တပ်ရင်းရိက္ခာနှင့်အထွေထွေအသုံးစားရိတ်အပြင် အခြားသော စစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနှင့်ဆေးဝါး၊ လေ့ကျင့်ရေးနှင့် မဟာမိတ်မျှဝေမှုများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိကြောင်း အစီရင်ခံ တင်ပြအပ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက –
Telegram မှ ဆက်သွယ်ရန် – t.me/prf4pdf
It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။