“ကြယ် ငေး သူ ကြယ် များ”
နအို
မှောင်မည်းနေတဲ့ ကောင်းကင်ကြီးမှာ
ကြယ်တွေ တပွင့်ပြီး တပွင့်
ပွဲတော်တွေရဲ့ မီးရောင်တွေနဲ့ ကြယ်တွေကို မမြင်ရ
ဒစ်စကိုမီးရောင်တွေအောက်မှာ ကြယ်တွေကို မမြင်ကြ
ငုံ့ထားသော ခေါင်းများ ကြယ်တွေကို မြင်ခွင့်မရ
တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြက်ခင်းပြင်ကြီးပေါ်မှာတော့
ကြယ်ငေးသူအချို့ ရှိနေပါသေးတယ်
အမှောင်ထဲမို့ သူတို့ တယောက်နဲ့တယောက် မမြင်ရ
သူတို့ရဲ့ အရည်လဲ့နေတဲ့ မျက်လုံးတွေဟာ
ကြယ်ရောင်တွေအောက် တချက်တချက် တောက်ပ