(၁) စိတ်တည်ငြိမ်စွာထားပါ။
(၂) ဓာတုလက်နက် ထိမှန်ထားသည့် နေရာအနီး တဝိုက်သို့ အကာအကွယ် ဝတ်စုံမပါဘဲ သွားရောက်ခြင်း၊ လက် ဗလာဖြင့် ပစ္စည်းများကို ကိုင် တွယ်ခြင်း၊ လူနာများကို ကြည့်ရှုခြင်း မပြုလုပ်ရပါ။
(၃) ဓာတုဓာတ်ငွေ့၊ အရည် သို့မဟုတ် အမှုန်များနှင့် ဝေးရာဘက်သို့ ပြေးထွက် ပါ။
(၄) လေဝင် လေထွက် ကောင်းသော ဟင်းလင်းပြင်နေရာ၊ လေတင်ဘက် နေရာ၊ အမြင့်ပိုင်းနေရာသို့ ရောက် အောင် သွားသင့်ပါသည်။
(၅) ဝတ်ဆင်ထားသော အဝတ်အစားများကို ဖယ်ရှား၍ ပလတ်စတစ် အိတ်တွင် လုံခြုံစွာ ထည့်သွင်းပါ။
(၆) ရေနှင့် ဆပ်ပြာများများ သုံး၍ ဓာတုပစ္စည်းများ ဆေးကြော သန့်စင်ခြင်း ဆောင်ရွက်ပါ။ “ဆေး – သုတ် – ဆေး” (Rinse – Wipe – Rinse) နည်းစနစ်ဖြင့် ဆေးကြောသန့်စင်ပါ။
(၇) အဝတ်အစားသစ် လဲလှယ်ဝတ်ဆင်ပါ။
(၈) အဆိပ်သင့်လက္ခဏာများ ရှိမရှိကို စောင့်ကြည့်ပါ။
(၉) အဆိပ်သင့်လက္ခဏာများ မပြသေးသော်လည်း ထိတွေ့မှုရှိခဲ့ပါက ကျန်မာရေးစောင့်ရှောက်မှု ပေးနိုင်သည့် နေရာတွင် သွားရောက်ပြသသင့်ပါသည်။
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ