အာဏာရှင်နိဂုံး ၂၀၂၃

“အာဏာရှင်နိဂုံး ၂၀၂၃”
“အာဏာရှင်နိဂုံး ၂၀၂၃” ဆိုတာ သာမာန် ကြွေးကြော်သံ တစ်ခုမျှသာ မဟုတ်ပါဘူး။ စနစ်တကျ စီမံ ညှိနိုင်း ပြင်ဆင်ပြီးမှ ထုတ်ပြန်လိုက်တဲ့ တိုက်ပွဲခေါ်သံ စစ်စစ် သာဖြစ်ပါတယ်။
တော်လှန်ပြည်သူများ မြင်သိကြား နေရပါပြီ။ လက်ဗလာနဲ့ စခဲ့ကြရတဲ့ ပြည့်ရင်သွေး PDF လေးတွေ ပြည့်ပြည့်စုံစုံ ဖြစ်လာ နေကြပါပြီ။ ၂၀၂၃ စတယ်ဆိုရင်ပဲ ဗျူဟာမြောက် လှုပ်ရှားမှုတွေ နိုင်ငံအနှံမှာ နေ့စဉ်နီးပါး ဖေါ်ဆောင် နေကြပါပြီ။
မြင်သာအောင် စုပြရမယ်ဆိုရင်၊ ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့က စပြီး ဒီနေ့အထိ PDF များပါဝင်တဲ့ တပ်ပေါင်းစုများ ဖေါ်ဆောင်ခဲ့ကြတာ
* ရန်သူ့စခန်းသိမ်း တိုက်ပွဲ – ၄၄ ပွဲ
* လေတပ်စခန်း တိုက်ခိုက်မှု – ၆ ခု
* လက်နက်စက်ရုံများ တိုက်ခိုက်မှု – ၉ ခု
* ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု – ၁၁ ခု
ထိ ရှိခဲ့ပါတယ်။
တော်လှန်ရေးဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ မောင်းနှင်နေပါပြီ။ ပြည်သူအများက စစ်အာဏာရှင်ရဲ့ လူမဆန်စွာ ရက်စက်မှုတွေကို အားမလျှော့တမ်း တော်လှန်နေကြပါတယ်။ မိမိတို စည်းစိမ်ဥစ္စာ အသက်ခန္တာ ပျက်စီးမှုနဲ့ ကြုံတာတောင် ဒီအာဏာရှင် လက်အောက်က အပြီးအပြတ်ရုန်းကြမယ် ဆိုတဲ့ သံဓိဌာန်က ယိမ်းယိုင် မသွားတော့ပါဘူး။
ဒီလို တော်လှန်ခွန်အားတွေ ဖြည့်ပေးခဲ့ရာမှာ EOD Programs တွေဟာ အထူးအရေးပါတဲ့ ခွန်အားများ ဖြစ်ခဲ့ပါတယ်။ အားဖြည့်ခဲ့ကြသူ တော်လှန်ပြည်သူ တစ်ဦးတစ်ယောက် တိုင်းကိုလဲ လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ လက်ရှိ ဖေါ်ဆောင်နေတဲ့ Spring Inya Condo မှာလဲ ကြိုးစားဝယ်ယူရင်း တော်လှန်ဘဏ္ဏာ ဖြည့်ဆည်းကြဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်။
အညာမှာ တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်လေး တစ်ယောက်စကားနဲ့ ပဲ အဆုံးသတ်ပါရစေ။
“အသက်တွေရင်းပြီး တိုက်ပွဲတွေ အဆက်မပြတ် လုပ်ဆောင်နေပြီမို့ ပြည်သူတရပ်လုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ပူးပေါင်း ကူညီပေးဖို့ အထူးတောင်းဆိုအပ်ပါတယ်။” မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃) က ရဲဘော်လေးပါ။
စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့ အဆုံးထိ တိုက်ပွဲဝင်ကြပါစို့။
အရေးတော်ပုံ အောင်ကိုအောင်ရမည်။