ပြည်သူ့ကာကွယ်ရေးတပ်မတော်
တပ်ရင်းစံပြုတည်မြဲအမိန့်
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်းများ၏စုဖွဲ့မှု၊တာဝန်ဝတ္တရား၊လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းတို့ကိုစနစ်တကျဆောင်ရွက်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံအဝန်းရှိတပ်ရင်းအားလုံးစံထား လိုက်နာဆောင်ရွက်ကြရမည့်တပ်ရင်းစံပြုတည်မြဲအမိန့်ကိုအမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးမူဝါဒ၊ စံတန်ဖိုးများ၊ မျှော်မှန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။