ကာကွယ်ရေး၀န်ကြီးဌာန ဖွဲ့စည်းပုံ

အတွင်းဝန်ရုံး

ကာကွယ်ရေးမူဝါဒ နှင့် နိုင်ငံတကာညှိနှိုင်းဆောင်ရွက်ရေး ဦးစီးဌာန

စီမံခန့်ခွဲရေး နှင့် ဘဏ္ဍာရေး ဦးစီးဌာန

ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီ

စစ်လက်နက်ခဲယမ်းထုတ်လုပ်ရေး နှင့် စုဆောင်းရေး ဦးစီးဌာန

မဟာဗျူဟာလေ့လာရေး နှင့် ဖက်ဒရယ်တပ်မတော်ရေးရာ ဦးစီးဌာန

အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ ကာကွယ်ရေးတပ်မတော်အား ဖွဲ့စည်း၍ စစ်ရုံးချုပ်က ကွပ်ကဲလျက်ရှိသည်။ ထို့အပြင် ပြည်သူ့စစ် မဟာဗျူဟာကို အထောက်အကူပြု ဖော်ဆောင်နိုင်စေရန် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်ကို ဖွဲ့စည်း၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား အုပ်ချုပ်ကွပ်ကဲလျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ဖွဲ့စည်းပုံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်အမှတ် (၁/၂၀၂၁) ဖြင့် ၂၀၂၁ ခုနစ်၊ မေလ (၅)ရက်နေ့တွင် စတင်ဖွဲ့စည်းသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တိုင်းစစ်ဌာနများ၊ ခရိုင်စစ်ဌာနများ၊ နည်းဗျူဟာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လက်ရုံးတပ်များအား အုပ်ချုပ်ကွပ်ကဲရန်အတွက် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် စစ်ရုံးချုပ်အား အောက်ပါအတိုင်းဖွဲ့စည်းသည်။

(၁) စစ်ဦးစီးချုပ်ရုံး

(၂) အမှတ် (၁) စစ်ဆင်ရေးရုံး

(၃) အမှတ် (၂) စစ်ဆင်ရေးရုံး

(၄) အမှတ် (၃) စစ်ဆင်ရေးရုံး

(၅) အထူးစစ်ဆင်ရေး၊ လေ့ကျင့်ရေးနှင့် လက်ရုံးတပ်များ ဦးစီးရုံး

(၆) စစ်ရေးဌာန

(၇) စစ်ထောက်ဌာန

(၈) စစ်ထောက်လှမ်းရေးဌာန

(၉) ပြည်သူ့လုံခြုံရေးဌာန

(၁၀) စိတ်ဓာတ်စစ်ဆင်ရေးရုံး

(၁၁) စစ်ဥပဒေရုံး

(၁၂) ပကဖ စစ်ဘက်ရေးရာ အရာရှိချုပ်ရုံး

တိုင်းစစ်ဌာန ဖွဲ့စည်းပုံ

ခရိုင်စစ်ဌာန ဖွဲ့စည်းပုံ

တိုင်း ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပုံ

ခရိုင် ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပုံ

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးချုပ် ဖွဲ့စည်းပုံ

ပြည်သူ့ရေးရာဌာန

စစ်ဘက်ရေးရာဌာန

စည်းကမ်းထိန်းသိမ်းရေးရုံး