နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ
မေလ ၃ရက်၊ ၂၀၂၅ခုနှစ်
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည့် ရဲကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၈၀၁)တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်ခွဲ(၆)၊ နတ်တလင်းမြို့နယ်(ပကဖ)တို့ ပူးပေါင်းပြီး မေလ ၂ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် (၁)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကာ ကျန်သူများမှာ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခဲ့သည်။
၎င်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက (၆၀)မမစိန်ပြောင်း (၁)လက်၊ လက်နက်ငယ် (၅)လက်နှင့်ခဲယမ်းများ၊ နင်းမိုင်း၊ ယာဥ်ဖျက်မိုင်းများကို သိမ်းဆည်းရရှိခဲ့သည်။