တိုက်ပွဲသတင်းထုတ်ပြန်ချက် – စစ်ဆင်ရေးနယ်မြေ (၂) အတွင်းရှိ ရန်သူ့စခန်းများနှင့်ကားများကို တိုက်ခိုက်ချေမှုန်း

၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက် (ဖက်ဆစ်တော်လှန်ရေးနေ့)
                                    ၂၀၂၅ ခုနှစ်၊ မတ်လ၂၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ပေါက်ခေါင်း – အုတ်တွင်း အမြန်လမ်းပိုင်းအတိုင်း မောင်းနှင်လာည့် ရန်သူ့တပ်၏ စစ်ကား ၂ စီးကို ဘော်ဒါကျေးရွာနှင့် ပေါ်လံကြီးကျေးရွာ ကြားအရောက် ည ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ (၂)၊တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၁)၊ တပ်ခွဲ (၃)၊ ပြည်ခရိုင်တပ်ရင်း (၃၆၀၂)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အင်အား ၃၀ ခန့်ပါ စစ်ကား (၁) စီးချောက်ထဲ ပြုတ်ကျသွားခဲ့ပြီး ရန်သူ့တပ်ဖွဲ့ဝင် (၇) ဦး သေဆုံးခဲ့ကာ (၁၂) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
                                 ၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ နံနက် ၁ နာရီ ၁၀ မိနစ် အချိန်တွင် ရန်ကုန် – မန္တလေး အမြန်လမ်း ၁၂၇ မိုင်၊ မင်းရဲ ရဲစခန်းနဲ့ ၁၂၄မိုင် နတ်ရေတွင်းရဲစခန်းတွေများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ (၂)၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ(၂၂)၊ အမှတ် (၃၈၀၁) တပ်ရင်းနှင့်အမှတ်(၃၇၀၁) တပ်ရင်း တို့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးခဲ့ပြီး (၄) ဦး အပြင်းအထန် ထိခိုက်‌ဒဏ်ရာများ ရ‌ရှိခဲ့ကာ မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ