✈️ 🟥 လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း
🟥 နေအိမ်များကို စွန့်ခွာရပါက ဆောင်ရွက်သင့်သည့် အချက်များ
(၁) နေအိမ်ရှိ မီးခလုတ်များကို ပိတ်ထားရန်နှင့် မိန်းခလုတ်များကို ချရန်၊
(၂) အချိန်ရပါက ရေတိုင်ကီများ၊ ရေစည်များကို ရေဖြည့်ထားခဲ့ရန်၊
(၃) တန်ဖိုးကြီးပစ္စည်းများ ရှိပါက နေအိမ်တံခါးသော့များကို ပိတ်ထားခဲ့ရန်၊
(၄) အကြမ်းဖက်စစ်ကောင်စီဘက်မှ နေအိမ်တံခါးများကို ဖျက်ဆီးထားခဲ့သည့် နမူနာများ ရှိသည့် အတွက် အခြားအဖိုးတန်ပစ္စည်းများ မကျန်ရှိပါက တံခါးများကို စေ့ပိတ်ထားခဲ့ရန်၊
(၅) နေအိမ်တွင် အခြားအရေးကြီး ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ကျန်ရှိနေပါက စဉ့်အိုး၊ ပလတတ်စတစ်ပုံး စသည်တို့တွင် ထည့်၍ မြေတွင်းတူပြီး မြှုပ်နှံထားခဲ့ရန် (သို့) လုံခြုံသော နေရာတွင် ထားခဲ့ရန်၊
(၆) ရှောင်တိမ်းမည့်နေရာသို့ သွားရောက်ရာတွင် မိသားစုဝင်များ အချင်းချင်း အဆက်အသွယ် မပြတ်စေရန် (အထူးသဖြင့်) ကလေးငယ်များကို ဂရုစိုက်၍ ခေါ်ဆောင်သွားရန်၊
(၇) မိသားစုများ ပြန်လည်ဆုံဆည်းနိုင်မည့် စုရပ် (အနည်းဆုံး) နှစ်ခု ကို သတ်မှတ်ထားရန်၊
(၈) မိသားစုဝင်များ၏ အမည် နှင့် ဖုန်းနံပါတ်များ၊ သွေးအုပ်စုများကို လက်မောင်းပေါ်တွင် ရေးမှတ်ထားရန်၊
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ