ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ဖွဲ့စည်းပုံ
ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်အမှတ် (၁/၂၀၂၁) ဖြင့် ၂၀၂၁ ခုနစ်၊ မေလ (၅)ရက်နေ့တွင် စတင်ဖွဲ့စည်းသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တိုင်းစစ်ဌာနများ၊ ခရိုင်စစ်ဌာနများ၊ နည်းဗျူဟာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လက်ရုံးတပ်များအား အုပ်ချုပ်ကွပ်ကဲရန်အတွက် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် စစ်ရုံးချုပ်အား အောက်ပါအတိုင်းဖွဲ့စည်းသည်။
(၁) စစ်ဦးစီးချုပ်ရုံး
(၂) အမှတ် (၁) စစ်ဆင်ရေးရုံး
(၃) အမှတ် (၂) စစ်ဆင်ရေးရုံး
(၄) အမှတ် (၃) စစ်ဆင်ရေးရုံး
(၅) အထူးစစ်ဆင်ရေး၊ လေ့ကျင့်ရေးနှင့် လက်ရုံးတပ်များ ဦးစီးရုံး
(၆) စစ်ရေးဌာန
(၇) စစ်ထောက်ဌာန
(၈) စစ်ထောက်လှမ်းရေးဌာန
(၉) ပြည်သူ့လုံခြုံရေးဌာန
(၁၀) စိတ်ဓာတ်စစ်ဆင်ရေးရုံး
(၁၁) စစ်ဥပဒေရုံး
(၁၂) ပကဖ စစ်ဘက်ရေးရာ အရာရှိချုပ်ရုံး

တိုင်းစစ်ဌာနဖွဲ့စည်းပုံ
- တိုင်းကွပ်ကဲရေးမှူး
- ဒုတိုင်းကွပ်ကဲရေးမှုး
- တိုင်းစစ်ဆင်ရေးအရာရှိ
- တိုင်းစစ်ရေးအရာရှိ
- တိုင်းစစ်ထောက်အရာရှိ
- တိုင်းစစ်ထောက်လှမ်းရေးအရာရှိ
- တိုင်းပြည်သူ့လုံခြုံရေးအရာရှိ
- နည်းဗျူဟာမှုးများ

ခရိုင်စစ်ဌာန ဖွဲ့စည်းပုံ
- ခရိုင် ကွပ်ကဲရေးမှူး
- ဒု ခရိုင် ကွပ်ကဲရေးမှူး
- ခရိုင် စစ်ဆင်ရေးအရာရှိ
- ခရိုင် စစ်ရေးအရာရှိ
- ခရိုင် စစ်ထောက်အရာရှိ
- ခရိုင် စစ်ထောက်လှမ်းရေးအရာရှိ
- ခရိုင် ပြည်သူ့လုံခြုံရေးအရာရှိ

တိုင်း ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပုံ
- တိုင်း ကွပ်ကဲရေးမှူး
- တိုင်း/ပြည်နယ် ပကဖ တာ၀န်ခံ
- ဒု တိုင်း ကွပ်ကဲရေးမှူး
- တိုင်း/ပြည်နယ် ပကဖ ဒု တာဝန်ခံ (စစ်ဘက်ရေးရာ)
ခရိုင် ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပုံ
- ခရိုင် ကွပ်ကဲရေးမှူး
- ခရိုင် ပကဖ တာ၀န်ခံ
- ဒု ခရိုင် ကွပ်ကဲရေးမှူး
- ခရိုင် ပကဖ ဒု တာ၀န်ခံ (စစ်ဘက်ရေးရာ)