ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်ထံမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်များထံသို့ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းတင်စာ လက်ခံရရှိခဲ့ သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်ထံမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်များထံသို့ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းတင်စာ လက်ခံရရှိခဲ့
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့
၁။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်မှ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ ထံသို့ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းတင်စာကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ ရက်စွဲဖြင့် လက်ခံ ရရှိခဲ့ပါသည်။
၂။ ဂုဏ်ပြုမှတ်တမ်းစာတွင် “မိမိတို့ ကေအိုင်အေ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDF များနှင့် အတူတကွလက်တွဲ၍ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ် တပ်ဖွဲ့ဝင်များအသီးသီးနှင့် တာဝန်ရှိတပ်မှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိ အမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း” ပါရှိပါသည်။
၃။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) / ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် မဆုတ်မနစ် ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ