ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့
 
ပြည်သူ့နွေဦးတော်လှန်ရေးသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်မဲ့ ပြည်သူလူထု အပေါ် လက်နက်ဖြင့် အကြမ်းဖက်သတ်ဖြတ်အနိုင်ကျင့်ကာ လူသားလုံခြုံရေး (Human Security)ကို ခြိမ်းခြောက်လာသည့် လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတ ဒူဝါလရှီးလက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် “မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဟု စတင်တိုက်တွန်းခဲ့သည်။
ယနေ့ ၂၀၂၃ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာခြင်း (၂) နှစ် တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်စေရန် စစ်ရေးပိုင်း တွင် အဓိက တာဝန်ယူရသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် (၂) နှစ်တာ ကာလအတွင်း ကြိုးပမ်းဆောင်ရွက်ချက်များကို အစီရင်ခံတင်ပြအပ်ပါသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ၊