အမှတ်(၁) စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်

(၂၀၂၃ ခုနှစ်၊ သြဂုတ်လ)
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့
 
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်အတွင်း တိုက်ပွဲပေါင်း (၄၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၃၃၀) ဦး သေဆုံး၍ (၄၅၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မိမိရဲဘော် (၁၈) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၅၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရန်သူ့ထံမှ လက်နက်မျိုးစုံ (၈)လက်၊ ဒရုန်း (၄) စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။
ဤ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။