ပြည်သူကို ကာကွယ်ဖို့ PDF လာပါပြီ။
ပြည်သူကို ကာကွယ်ဖို့ PDF လာပါပြီ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ စစ်ရေးပြအခမ်းအနားတစ်ခု ဖြစ်ပါတယ်။ စစ်သည်တော်တစ်ယောက်ရဲ့ လေ့ကျင့်သား ပြည့်ဝမှု၊ အမိန့်နာခံမှုရှိမှုဟာ စစ်ရေးပြကွင်းထဲမှာ ဘယ်လောက်ညီညာမှုရှိသလဲဆိုတဲ့အချက်နဲ့လည်း တိုင်းတာနိုင်ပါတယ်။ ပြင်ဆင်၊စုဖွဲ့၊စုစည်းညီညာမှုနဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသွားရမယ့် လမ်းဟာ ကြမ်းတမ်းပေမယ့် အားလုံးဆက်လျှောက်ရမှာပါ။
ခက်ခဲပေမယ့် ယုံကြည်ရာလမ်းကို ပြည်သူ့အားနဲ့ကျနော်တို့ ဆက်လှမ်းနေကြမှာ ဖြစ်ပါတယ်။
ဒါသည်ပင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ