တော်လှန်နှစ်သစ်

၂၀၂၃ ဇန်နဝါရီလ ၁ရက်နေ့

ပြည်သူများအားလုံး နှစ်သစ်မှစပြီး ကျန်းမာလုံခြုံကြပါစေ။

မျိုးဆက်စုံပါဝင်တဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးမို့ ကျရာတာဝန်ထမ်းရင်း တစ်ယောက်ကျရင် နှစ်ယောက်ရှေ့ဆက်၊ သုံးယောက် တော်လှန်ရမှာပါပဲ။ ဒဏ်ရာတွေကို ခွန်အားအဖြစ် ပြောင်းလဲနိုင်ကြပါစေ။
သမ္မတကြီး၊ ဝန်ကြီးချုပ်ကြီးနဲ့ NUG အစိုးရအဖွဲ့အပါအဝင် ကျွန်ုပ်တို့ ကာကွယ်ရေးဝန်ကြီးဌာနမိသားစုအားလုံး သင်တို့နဲ့အတူတူ တာဝန်ကျေပွန်ဖို့ ကြိုးစားနေကြပါတယ်။
အားတင်းထားကြပါ။ အောင်ပွဲဟာ ကျွန်ုပ်တို့ လက်ထဲမှာ ရှိနေပါတယ်။
အားလုံးပဲ တော်လှန်နှစ်သစ်ပါလို့ ဆုမွန်ကောင်းတောင်းပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ