တောင်သုံးလုံးစခန်းအား အပြီးသတ် သိမ်းပိုက်ရရှိ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်
 
                                    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ တောင်သုံးလုံးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၁၁) ရက်နေ့၊ နံနက် ၅နာရီခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။
                                   တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် Force For Federal Democracy(FFD) ဒရုန်းတပ်ဖွဲ့ တို့ ပူးပေါင်း၍ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း (120)mm ၊ (81)mm လက်နက်ကြီးများ အပါအဝင် ခဲယမ်းအမြောက်အများကို သိမ်းပိုက်ရရှိခဲ့သည်။
                                    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှုများပြားပြီး မိမိတို့ ပူးပေါင်းအဖွဲ့မှ ရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ