သတင်းထုတ်ပြန်ချက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းစံပြုတည်မြဲအမိန့် (ပထမမူ) ထုတ်ပြန်

                                                                                                                                                                         ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့)

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့)  ယနေ့ ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းစံပြု တည်မြဲအမိန့်(ပထမမူ)ကို ကနဦးထုတ်ပြန်လိုက်သည်။
စံပြုတည်မြဲအမိန့်တွင်
(၁) ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ရည်မှန်းချက်နှင့် စံတန်ဖိုးများ၊
(၂) စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊
(၃)တပ်ရင်းများစံပြုဖွဲ့စည်းပုံ၊
(၄) အခြေခံတာဝန်ဝတ္တရားများ၊
(၅) သက်ဆိုင်ရာလုပ်ငန်းတာဝန်ဝတ္တရားများ၊
(၆) စံပြုလုပ်ထုံးလုပ်နည်းများနှင့်စည်းကမ်းသတ်မှတ်ချက်များ၊
(၇) ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း စသည့် ကဏ္ဍများ ပါဝင်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများအားလုံးသည် အဆိုပါ တပ်ရင်းစံပြုတည်မြဲအမိန့် နှင့်အညီကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်သည်။
ဤစံပြုတည်မြဲအမိန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၂၅ ခုနှစ် မေလ ၅ရက်တွင် အတည်ပြုထုတ်ပြန်သွားမည် ဖြစ်ကြောင်း အသိပေးအပ် ပါသည်။

 
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
 ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ