၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ခုနှစ်၊ သြဂုတ်လအထိ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလ အချက်အလက်များ

၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ခုနှစ်၊ သြဂုတ်လအထိ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလ အချက်အလက်များ
၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ခုနှစ်၊ သြဂုတ်လအထိ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလ အချက်အလက်များဖြစ်ပါသည်။ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်သား (၂၀၅၈၉) ဦးသေဆုံးခဲ့ပြီး (၇၃၁၃) ဦး ဒဏ်ရာရရှိခဲ့ကာ ၂၀၂၂ခုနှစ် မေလတွင် စစ်ကောင်စီတပ်သား (၂၅၂၄) ဦးအထိ သေဆုံးခဲ့ကာ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်သား အများသေဆုံးခဲ့သည့် လဖြစ်ခဲ့သည်။ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သားပြည်သူ (၃၀၁၀) ဦး သေဆုံးခဲ့ရပြီး (၁၉၃၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အရပ်သား (၁၄၁၁၉) ဦးအထိ ရှိခဲ့သည်။ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏ အရပ်သားများအပေါ်အကြမ်းဖက်မှု ဖြစ်စဥ်အများဆုံး ဖြစ်ပွားခဲ့သည်။
ယခုအချက်အလက်များသည် လွတ်လပ်သော သတင်းမီဒီယာများ၏ဖော်ပြချက်နှင့် မြေပြင်သတင်းတာဝန်ခံများမှ ပေးပို့လာသည့်အချက်အလက်များ အပေါ်အခြေခံခြင်းဖြစ်ပြီး မြေပြင်တွေ ကိန်းဂဏန်းများပိုမိုများနိုင်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ