အုတ်ဖိုမြို့တွင် အင်အား (၄၀) ပါ ရန်သူ့ စစ်ကြောင်းကို တိုက်ခိုက်

                                                                                                                                                                                        ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဂမုန်းဆည်ပေါ်သို့ တက်လာသော အင်အား (၄၀) ပါ ရန်သူ့ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၄) မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့၊ နံနက် (၉) နာရီမှ (၁၀:၁၀) နာရီခန့်ထိ ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၁၂) ဦး သေဆုံးပြီး (၁၄) ဦး ဒဏ်ရာပြင်းထန်စွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ